
မိမိကိုယ်ကို မီးရှို့ဆန္ဒပြတော်မူသော ထစ်ကွမ်ဒုဆရာတော်၏ ဘဝဖြစ်စဥ်၊ ဘာသာရေးနောက်ခံကို ပြန်ပြောင်းအမှတ်ရခြင်း – ပျံလွန်တော်မူချိန်မှ ဖွားတော်မူချိန်အထိ
၁၉၆၃ ဇွန်လ ၁၁ ရက်နေ့တွင် ဗီယက်နမ် ဘုန်းကြီးတပါးဖြစ်သူ ထစ်ကွမ်ဒု ဆရာတော် (Thích Quảng Đức) သည် ဆိုင်ဂွန်မြို့တော် လူစည်ကားရာတနေရာတွင် မိမိကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြခဲ့သည်။ သူ့၏ လုပ်ရပ်က ဗီယက်နမ်စစ်ပွဲ၏ မေ့မရသော ပုံရိပ်တခုအနေဖြင့် ကျန်ရစ်ခဲ့လေသည်။ ထိုသို့ ကျန်ရစ်ခဲ့ရခြင်း အကြောင်းတစိတ်တပိုင်းမှာလည်း AP သတင်းထောက် မယ်လ်ကွန်ဘရောင်း ရိုက်ကူးခဲ့သော နာမည်ကျော် ဓာတ်ပုံများကြောင့်လည်း ဖြစ်သည်။ ယင်းဓာတ်ပုံများက လူတယောက် […]