ကမ္ဘောဒီးယားရှိ အမျိုးသားအဆင့် အင်တာနက်ဂိတ်ဝေးနှင့် ဒစ်ဂျစ်တယ်အာဏာရှင်စနစ် အနာဂတ

Robin Ramcharan

ကမ္ဘောဒီးယားနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာမခံချက် ပေးထားသော်လည်း အမျိုးသားအဆင့် အင်တာနက်ဂိတ်ဝေး 1  (National Internet Gateway – NIG) တိုးမြှင့်ဖော်ဆောင်ခြင်းဖြင့် ဒစ်ဂျစ်တယ်လောကတခုလုံးကို အာဏာရှင်စနစ်ဖြင့် ထိန်းချုပ်ရန် ဆောင်ရွက်နေမှုမှာ ပြီးစီးသလောက် ဖြစ်နေပြီ ဖြစ်ပါသည်။ ယင်းဂိတ်ဝေးက အစိုးရပိုင် အင်တာနက် ဂိတ်ဝေးဖြစ်ပြီး နိုင်ငံတွင်း သိသာထင်ရှားစွာ မိမိဘာသာဆင်ဆာပြုလုပ်ခြင်းကို ဖြစ်စေပြီး တပါတီအာဏာရှင် စနစ် ပိုမိုအားကောင်းလာစေမည် ဖြစ်ပါသည်။ နိုင်ငံတွင် ကျန်ရှိနေသေးသည့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားရန် အရပ်ဖက် နေရာတို့မှာ တခုတည်းသော ဂိတ်ဝေး​ ဖော်ဆောင်ခြင်းကြောင့် ခြိမ်းခြောက်ခံလာရပါသည်။ ယင်းဂိတ်ဝေးကို ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဖော်ဆောင်ရန် စီစဥ်ထားသော်လည်း မပြီးစီးသေးဘဲ ရှိနေပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အင်တာနက်သုံးစွဲသူ ဦးရေမှာ ၂၀၀၉ ခုနှစ်တွင် နိုင်ငံ့လူဦးရေ (၈.၈၆ သန်း) ၏ ၀.၅၃ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၅၂.၆ ရာခိုင်နှုန်း ရှိလာပါသည်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံတွင် မြေပြင်အခြေစိုက်နှင့် မိုဘိုင်း အင်တာနက် ဝန်ဆောင်မှုပေးသည့် အဓိက ကုမ္ပဏီကြီး ၅ ခု ရှိပါသည်။ ၄င်းတို့မှာ Viettel ၊ Smart Axiata ၊ CamGSM ၊ Xinwei Telecom နှင့် Southeast Asia Telecom တို့ ဖြစ်ကြပါသည်။ ၄င်းတို့အားလုံးမှာ အာဏာရှင်စနစ်ဖက်ယိမ်းသည့် နိုင်ငံများ (တရုတ်၊ စင်္ကာပူနှင့် ဗီယက်နမ်) တို့မှ ဖြစ်ပြီး ကမ္ဘောဒီးယားအစိုးရနှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် ကုမ္ပဏီများ ဖြစ်ကြပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းပြီး အင်တာနက်သုံးစွဲသူများကို စောင့်ကြည့်ခြင်း၊ အွန်လိုင်းအကြောင်းအရာများကို ပိတ်ပင်ခြင်းနှင့် အင်တာနက်ကို ထိန်းချုပ်ကန့်သတ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

ပုံ – ၁ ။ ။ ကမ္ဘောဒီးယားနိုင်ငံ၏ အင်တာနက် အခြေအနေ

ဒစ်ဂျစ်တယ်အာဏာရှင်စနစ်အတွက် ဥပဒေကြောင်းနည်းလမ်းများ

အွန်လိုင်းမှ ဆန့်ကျင်ဆန္ဒပြခြင်းကို ထိန်းချုပ်ရန် ဥပဒေ အများအပြားကို သုံးစွဲပါသည်။ အင်တာနက် ဆက်သွယ်မှုအားလုံးကို အစိုးရပိုင် ဂိတ်ဝေးအောက်ထဲသို့ ရောက်ရှိလာရန် ရည်ရွယ်ဆောင်ရွက်သည့် အမျိုးသား အဆင့် အင်တာနက်ဂိတ်ဝေးကို ကမ္ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ၊ တယ်လီကွန်းဥပဒေ၊ ဝန်ကြီးဌာန အမိန့်အမှတ် ၁၇၀ နှင့် ဆိုင်ဘာရာဇဝတ်မှု ဥပဒေ မူကြမ်းတို့နှင့် အတူ ဆောင်ရွက်မည် ဖြစ်ပါသည်။

အဆိုပါ ဥပဒေများတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များသည် အာရှစင်တာက ထုတ်ပြန်ခဲ့သည့် ရီပို့တွင် ဖော်ပြထားသလို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ကမ္ဘောဒီးယားက လက်မှတ် ရေးထိုးထားသည့် သဘောတူစာချုပ်များကို ချိုးဖောက်ရာ ရောက်ပါသည်။ ယင်းဥပဒေများတွင် ပါရှိသည့် အဓိက အချက်များတွင် – “အမျိုးသား အကျိုးစီးပွား” ကို အကာအကွယ်ပေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၉ ကို ပြင်ဆင်ချက်၊ “လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း တရပ်၏ ဂုဏ်သိက္ခာနှင့် ကျော်ဇောမှုကို” အသရေဖျက်ခြင်းမှ အကာအကွယ်ပေးသည့် ဥပဒေပုဒ်မများ၊ “မမှန်သတင်းများ” ဖြန့်ဝေခြင်းကို ရာဇဝတ်ကြောင်းအရ အရေးယူခြင်း (ပုဒ်မ ၄၂၅)၊ ရာဇဝတ်မှု ကျူးလွန်ရန် လူတဦး သို့မဟုတ် တဦးထက်ပိုသော လူအများက “ပူပေါင်းကြံစည်ခြင်း” သို့မဟုတ် “စီစဥ်ဆောင်ရွက်ခြင်း” ကို အရေးယူခြင်း၊ ရာဇဝတ်မှု ကျူးလွန်ရန် အားပေးအားမြှောက်ပြုခြင်း သို့မဟုတ် လူမှု လုံခြုံရေးကို အနှောက်အယှက်ပေးခြင်း (ပုဒ်မ ၄၉၅) တို့ ပါဝင်သည်။ ဆက်သွယ်မှုများကို တယ်လီကွန်း ဥပဒေ (၂၀၁၅) ဖြင့် စောင့်ကြည့်ပြီး ပုဒ်မ (၇၀) နှင့် (၇၁) တို့အရ ထို့သို့ ဆောင်ရွက်ရန် ခွင့်ပြုထားသည်။ ပုဒ်မ (၉၇) နှင့် (၆) တွင် ဒေတာ အကာအကွယ်ပေးခြင်းကို လျှော့ချထားသည်။ ထို့အပြင် ပုဒ်မ (၈၀) တွင် ရေဒီယို၊ တယ်လီဗေးရှင်း၊ အွန်လိုင်းနှင့် ပုဂ္ဂလိက စာပို့ဆက်သွယ်ရေးများကို ပြစ်မှု ဥပဒေဖြင့် အရေးယူနိုင်ရန် ဖော်ပြထားသည်။ ဝန်ကြီးဌာနများအတွင်း ညွှန်ကြားချက် အမိန့် (၁၇၀) (၂၀၁၈) ဖြင့် “ကမ္ဘောဒီးယား ဘုရင့်နိုင်ငံတော်အတွင်း အင်တာနက် အသုံးပြု၍ ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာများ၏ ထုတ်ဝေဖြန့်ချီမှု” ဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ထားပြီး ၄င်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကာ ဆိုရှယ်မီဒီယာ သုံးစွဲမှုအားလုံးကို စောင့်ကြည့်ရန် ခွင့်ပြုထားသည်။ ဖေဖော်ဝါရီ ၂၀၂၀ တွင် ကမ္ဘောဒီးယား နိုင်ငံတွင်းရှိ ဆိုရှယ်မီဒီယာသုံးစွဲမှု အပါအဝင် မီဒီယာများအားလုံးကို စောင့်ကြည့်ရန် ဝန်ကြီးဌာန ညွှန်ကြားချက်ဖြင့် ဆိုရှယ်မီဒီယာကော်မရှင်တခု ဖွဲ့စည်းခဲ့သည်။

“Flora Splendida” Lea Zeitoun @the.editing.series Instagram

ယင်းဥပဒေများ၊ အမိန့်များကို ဖြည့်စွက်ပေးမည်မှာ ၂၀၁၂ တွင် စတင်အဆိုပြုပြီး ၂၀၂၂ ထိ ဆွေးနွေးဆဲ ဖြစ်သည့် ဆိုက်ဘာရာဇဝတ်မှုဥပဒေ မူကြမ်း ဖြစ်ပါသည်။ ဆိုင်ဘာရာဇဝတ်မှုများကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ယင်းဥပဒေက အင်တာနက်သုံးစွဲမှု အချက်အလက်များကို ရက်ပေါင်း ၁၈၀ ထိ သိမ်းဆည်းထားရန် ဖော်ပြထားသည်။ ယင်းကို အသုံးပြုပြီး ကမ္ဘောဒီးယားအစိုးရအနေဖြင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အချက်အလက်များကို အလွယ်တကူ ရယူနိုင်ပြီး ၄င်းတို့ကို အလွဲ သုံးစားလုပ်ခြင်းဖြင့် သူတို့၏ လုပ်ငန်းဆောင်တာများကို ကန့်သတ်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။ ဤဥပဒေ မူကြမ်းဖြင့် သတင်းအချက်အလက် ဖွင့်ချသူများကိုလည်း ခြိမ်းခြောက်ထားပြီး ဖြစ်နေသည်။ မတ် ၂၀၂၁ တွင် ထုတ်ပြန်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ဥပဒေသည်လည်း ယာယီဟု ဆိုသော်လည်း ယင်းကို အသုံးပြုပြီး ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် “သတင်းအမှား” ဖြန့်ဝေသည်ဟု စွပ်စွဲခံရသူများနှင့် အစိုးရ၏ ကပ်ရောဂါနှင့် ပတ်သက်သော စီမံခန့်ခွဲမှု အလွဲများကို ဝေဖန်သူများကို နှုတ်ပိတ်ရန် အသုံးချခဲ့သည်။

ကမ္ဘောဒီးယားအစိုးရ၏ အာဏာရှင်ဆန်သည့် ဥပဒေနည်းလမ်းများတွင် နောက်ဆုံးနည်းလမ်းမှာ အမျိုးသားအဆင့် အင်တာနက်ဂိတ်ဝေး ဖြစ်သည်။ ယင်းဖြင့် အင်တာနက်တခုလုံးကို လိုအပ်ပါက ပိတ်ချ ပစ်လိုက်နိုင်သည်။ အွန်လိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပုဂ္ဂလိက အချက်အလက်များ သီးသန့်ထားပိုင်ခွင့်ကို သိသာစွာ ခြိမ်းခြောက်မှု ဖြစ်သည့်အပြင် ဂိတ်ဝေးကို ထိန်းချုပ်သူများအနေဖြင့် ကမ္ဘောဒီးယားအစိုးရ ကိုယ်စား ဒစ်ဂျစ်တယ်စောင့်ကြည့်ခြင်းကို ဆောင်ရွက်နိုင်မည့် အခြေအနေဖြစ်သည်။ သူတို့က သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ကွန်ယက်ချိတ်ဆက်မှုအားလုံးကို ပိတ်ဆို့ဟန့်တားနိုင်သည်။ ပုဒ်မ (၆) တွင် အမျိုးသား အခွန်ဘဏ္ဍာ၊ လုံခြုံရေး၊ လူမှုသဟဇာတဖြစ်ရေး၊ လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဆိုးရွားစွာ ထိခိုက်သည့်အရာမှန်သမျှကို ပိတ်ဆို့ရန် ခွင့်ပြုထားပြီး ပုဒ်မ (၁၄) တွင် ၄င်းတို့နှင့် စပ်လျဥ်းသော ဒေတာများကို သိမ်းဆည်းခြင်း၊ အာဏာပိုင်များကို အခြေအနေသတင်းပို့ခြင်းများ ဆောင်ရွက်ရန် ဖော်ပြထားသည်။ ပုဒ်မ (၁၂) တွင် လူ့အဖွဲ့အစည်း၏ လုံခြုံရေး၊ အများပြည်သူ တည်ငြိမ်ရေး၊ လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရေး ဖော်ပြထားသည်။

အမျိုးသားအဆင့် အင်တာနက်ဂိတ်ဝေးကို မကြေညာမီ လများအတွင်းတွင်လည်း အချို့သော နေရာများတွင် လျှပ်စစ်မီး ဖြတ်တောက်ခံရခြင်း၊ အင်တာနက် အမြန်နှုန်းလျှော့ချခံရခြင်းများ ရှိခဲ့သည်။ ရွေးကောက်ပွဲများမတိုင်မီ ကာလတွင်လည်း အာဏာပိုင်များက ဒီမိုကရေစီ လိုလားသည့် လွတ်လပ်သော သတင်းဌာနများကို ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် သူတို့၏ လုပ်ငန်းများကို အွန်လိုင်းသို့ ပြောင်းလဲ လုပ်ဆောင်ရသည့် အခါတွင်လည်း အွန်လိုင်းအစည်းအဝေးများတွင် ဘယ်ကမှန်း မသိသည့် “တက်ရောက်သူများ” က နှောက်ယှက်မှုကို ကြုံတွေ့ခဲ့ရကြောင်း အာရှစင်တာကို ပြန်လည် ပြောပြချက် အရ သိရသည်။

ဖေဖော်ဝါရီ ၂၀၂၂ တွင် အမျိုးသားအဆင့် အင်တာနက်ဂိတ်ဝေး အကောင်အထည်ဖော်ခြင်းကို ရွှေ့ဆိုင်းခဲ့သည်။ ကမ္ဘောဒီးယားအစိုးရသည် တရုတ်နိုင်ငံနှင့် နည်းပညာ၊ ငွေကြေးတို့အရ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုရှိပါသည်။ နယူးယောက်တိုင်းမ်တွင် ဖော်ပြထားသလို ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်ကဲ့သို့သော အာဏာရှင် အင်တာနက်စောင့်ကြည့်ခြင်းပုံစံကို ကျင့်သုံးသည့်နိုင်ငံ ဖြစ်လာသည်မှာ ငြင်းစရာ မရှိပါ။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံအားလုံးတို့က ဤပုံစံကို ကျင့်သုံးလျက် ရှိပါသည်။ ယင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် အင်တာနက် ကန့်သတ်ခြင်းကို ကျော်လွှားရန် VPN များသုံးစွဲလာရပါသည်။ ယင်းတို့မှာလည်း အနာဂတ်တွင် ကန့်သတ်ခြင်း ခံရနိုင်ပါသည်

ဒစ်ဂျစ်တယ်စောင့်ကြည့်ခြင်းနှင့် အခွင့်အရေးများ ဆုံးရှုံးလာခြင်း

ကမ္ဘောဒီးယားနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖော်ပြထားပြီး နိုင်ငံတကာ အရပ်ဖက်နှင့် နိုင်ငံရေးအခွင့်အရေးများ သဘောတူစာချုပ် (ICCPR) တွင် လက်မှတ် ရေးထိုး ပါဝင်ထားသော်လည်း ကမ္ဘောဒီးယား၏ ဥပဒေကြောင်းနည်းလမ်းများဖြင့် ကန့်သတ်မှုကြောင့် ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တခုလုံးသည် တင်းကျပ်စွာ စောင့်ကြည့်ခံနေရသည့် အခြေအနေ ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရကို ဝေဖန်သူများအနေဖြင့် စိုးရိမ်ပူပန်နေရပါသည်။ ခြိမ်းခြောက်မှုများ၊ ဆိုရှယ်မီဒီယာကို လိုသလို အသုံးချခြင်းများနှင့် ကြုံလာရသည့်အတွက် အစိုးရကို ဝေဖန်သူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများမှာ မိမိဘာသာဆင်ဆာပြုလုပ်ရသည့် အခြေအနေသို့ ရောက်လာပြီး သူတို့၏ ရှင်သန်ရေးအတွက် နိုင်ငံရေးဆွေးနွေးခြင်းကို ရှောင်ရှားရခြင်းမျိုး ပြုလုပ်လာရပါသည်။

ပုံ – ၂ ။ ။ အွန်လိုင်းစောင့်ကြည့်ခြင်းနည်းလမ်း

အင်တာနက်ဆိုင်ရာ လွတ်လပ်ခွင့်များမှာ ၂၀၀၉ ခုနှစ်ကစတင်ပြီး ယိုယွင်းလာပါသည်။ ၂၀၂၁ တွင် အစိုးရဆင်ဆာများက စီစစ်တွေ့ရှိချက်အရ အွန်လိုင်းပေါ် ကျူးလွန်မှုများအတွက်ဟုဆိုကာ ဖမ်းဆီး အကျဥ်းချခံရသူများ၊ ဝရမ်းထုတ်ခံရသူများမှာ စုစုပေါင်း ၃၉ ဦး ရှိခဲ့ပါသည်။ ကမ္ဘောဒီးယား ဂျာနယ်လစ် မဟာမိတ်အဖွဲ့အစည်းက နိုင်ငံတွင်း ဂျာနယ်လစ်များကို ဖိနှိပ်မှုများကို စနစ်တကျ မှတ်တမ်းတင်ထား ပါသည်။ သူ့၏ ၂၀၂၁ ဇူလိုင်မှ စက်တင်ဘာလအတွင်း လေးလပတ်တာ စောင့်ကြည့်ရေးမှတ်တမ်းအရ ဂျာနယ်လစ် ရှစ်ဦးမှာ မြေယာဆိုင်ရာ အခွင့်အရေးများနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အပါအဝင် အကြောင်းအရာအမျိုးမျိုးတွင် သတင်းရေးသားဖော်ပြခြင်းအတွက် ဥပဒေကြောင်းအရ ခြိမ်းခြောက်ခံ ရခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးအရေးယူခံရခြင်း၊ ထောင်ကျခံရခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားပါသည်။ အဆိုပါမှတ်တမ်းတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ပြန်ကြားရေးဝန်ကြီးဌာနသည် Angkor TodayLive-Daily, San PrumPhengvannakStoengchralpostTecchor Youth News နှင့် K01 TV Online တို့အပါအဝင် မီဒီယာ (၇) ခု၏ လိုင်စင်များ ရုတ်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ ၄င်းတို့အနက်မှ (၆) ခုမှာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စပ်လျဥ်းပြီး သတင်းပို့ရာတွင် မမှန်သတင်းများ ရေးသားခြင်းနှင့် ပြည်သူလူထုအထိတ်တလန့် ဖြစ်စေအောင် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရပါသည်။ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ပြန်ကြားရေးဝန်ကြီးဌာနက ဂျာနယ်လစ်ကျင့်ဝတ် စောင့်ကြည့်ရေး ကော်မတီ တခု ဖွဲ့စည်းကြောင်း ကြေညာပြီး ယင်းက မီဒီယာသမားများကို စောင့်ကြည့်ထိန်းကျောင်းရမည်ဟု ကြေညာခဲ့သည်။

 အစိုးရဝေဖန်သူများကို နှိပ်ကွပ်ရာတွင် ပုဂ္ဂလိကပိုင် စောင့်ကြည့်ရေးလုပ်ငန်းများကလည်း အကူအညီ ပေးကြသည်။ ကမ္ဘောဒီးယားအစိုးရကို FinSpy ကုမ္ပဏီက ၄င်း၏ ဝန်ဆောင်မှုများကို ၂၀၂၂ မတ်လတွင် မပိတ်သိမ်းမီအထိ ပေးအပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ဝန်ကြီးချုပ်ဟွန်စိန်ကလည်း ဖေ့စ်ဘုတ်သုံးပြီး ဆန့်ကျင်သူများကို ခြိမ်းခြောက်ခြင်း၊ မမှန်သတင်း ဖြန့်ဝေခြင်းများ ပြုလုပ်သည်။ ပြည်သူလူထုအနေဖြင့်လည်း ဒစ်ဂျစ်တယ်ပိုင်း ကျွမ်းကျင်မှုများ နည်းပါးသေးသဖြင့် ဝန်ကြီးချုပ်က သူလိုသလို ပုံဖော်ပြောဆိုနိုင်သည့် အခြေအနေတွင် ရှိနေသည်။ ယင်းက သူ့အုပ်ချုပ်ရေး သက်ဆိုး ရှည်စေရန် အထောက်အကူဖြစ်လျက်ရှိပါသည်။ အစိုးရက ဖန်တီးသည့် “သတင်းအတု”များဖြင့် လိုသလို ဖမ်းဆီးခြင်း၊ အကျဥ်းချခြင်းများ ပြုလုပ်လျက်ရှိသည်။

Figure 3: Social Media Manipulation

နိဂုံးချုပ်

ကမ္ဘောဒီးယားနိုင်ငံတွင် ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ပေါ်ထွန်းလာခြင်းကြောင့် အင်တာနက် လွတ်လပ်ခွင့်များ ဆုံးရှုံးခြင်း၊ မိမိဖာသာ ဆင်ဆာပြုလုပ်ခြင်း၊ အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ခံရခြင်း၊ ရွေးကောက်ပွဲသတင်းများ ထိန်းချုပ်ခြင်း၊ အတိုက်အခံများ၏ အသံများ ဖိနှိပ်ခံရခြင်း၊ အွန်လိုင်းမှ စောင့်ကြည့်ခြင်း၊ ဆိုရှယ်မီဒီယာကို လိုသလို အသုံးချခြင်းများ ဖြစ်ပေါ်လာလျက် ရှိသည်။ ဝန်ကြီးချုပ် ဟွန်စိန်က ဆိုရှယ်မီဒီယာကို ထိန်းချုပ်ထားနိုင်ခြင်းကြောင့် အစိုးရကို လိုလားသည့် အသံများကို ပိုမိုကျယ်လောင်စေကာ နိုင်ငံရေးအတိုက်အခံများကို ခြိမ်းခြောက်ခြင်းနှင့် သူတို့၏ အသံများကို ပိတ်ပင်ထားခြင်းများ ဆောင်ရွက်ထားနိုင်သည်။ မျှော်လင့်စရာ တခုကျန်သည်မှာ ဆိုင်ဘာ ရာဇဝတ်မှု ဥပဒေ အဆုံးသတ် အတည်ပြုပြီးချိန်တွင် ဆောင်ရွက်မည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည့် ဒေတာ ကာကွယ်ရေး ဥပဒေဖြစ်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် မှန်းကြည့်လို့ရသလောက် အနာဂတ်ကာလအတွင်း ဒစ်ဂျစ်တယ် အာဏာရှင် စနစ်မှာ ပိုမို ဖြစ်ထွန်းလာနိုင်ပါသည်။ ဟွန်မာနတ်ကလည်း လုပ်ပုံကိုင်ပုံ အနည်းငယ် ကွာခြားနိုင် သော်လည်း သူ့အဖေ အုပ်ချုပ်သည့် စနစ်ကို လုံးလုံးလျားလျား ပြောင်းလဲပစ်မည့်ပုံ မပေါ်ပါ။ သူက ကမ္ဘောဒီးယားနိုင်ငံကို ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ဖော်ဆောင်ရာတွင် လိုအပ်သည့် အခြေခံအဆောက်အဦ အကူအညီများ ပေးနေသည့် လာအို၊ မြန်မာ၊ ဗီယက်နမ်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံ တို့၏ အကူအညီဖြင့် ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ တယ်လီကွန်း ဆက်သွယ်​ရေး စျေးကွက်ကို စိတ်ဝင်စားသည့် ရုရှားနိုင်ငံကလည်း ဤနေရာတွင် တက်ကြွစွာရှိနေသည့် နိုင်ငံတနိုင်ငံ ဖြစ်ပါသည်။ မကြာသေးမီကာလက ရုရှားနိုင်ငံက ELTEX ကုမ္ပဏီအပါအဝင် ရင်းနှီးမြှုပ်နှံရေး သဘောတူညီချက်တခုကို ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။

Robin Ramcharan
ရိုဘင်ရမ်ချာရမ်သည် အာရှစင်တာတွင် အမှုဆောင်ဒါရိုက်တာဖြစ်ပါသည်။

Banner: Siem Reap, Cambodia. A most unlikely looking shop to be offering free WiFi. Gartland, Shutterstock

References

Sebastian Strangio, ‘Cambodia puts controversial National Internet Gateway plan on hold’, The Diplomat, 16 February 2022, https://thediplomat.com/2022/02/cambodia-puts-controversial-national-internet-gateway-plan-on-hold.

Simon Kemp, ‘Digital 2021: Cambodia’, DataReportal, 2021, https://datareportal.com/reports/digital-2021-cambodia.

Leveraging Investments in Broadband for National Development: The Case of Cambodia (UN-OHRLLS, 2018), http://unohrlls.org/custom-content/uploads/2019/02/Cambodia-BroadbandCase-Study-UNOHRLLS-2018.pdf. Viettel, a Vietnamese company run by Vietnam’s Ministry of Defence, operates in Cambodia under the name Metfone. CamGSM was originally known as Mobitel before rebranding itself to Cellcard in 2005. Viettel, Smart Axiata and local CamGSM account for around 90% of market share of mobile subscriptions. Smart Axiata enjoyed a market share of almost 60% while Viettel and CamGSM enjoyed 26% and 11% of the market share respectively. Xinwei Telecom from China, which operates under the name CooTel, and Southeast Asia Telecom from Singapore account for 2.67% and 0.65% of the market share, respectively.

Hun Sen’s daughter, Hun Mana, is particularly vested in the telecommunications sector, holding 6% of the shares of Viettel Cambodia. The military is also connected to the company, as the wife of the Minister of National Defence, Tea Bahn, owns its shares as well. Hun Mana also holds the position of chairwoman of Dragon Royal Telecom, an Internet provider and directs Bayon Radio and Television, a commercial broadcast network.  See ‘Communications minister defends Saroeun promotion’, Telecompaper, https://www.telecompaper.com/news/communications-minister-defends-saroeun-promotion–933347.

Asia Centre, Internet Freedoms in Cambodia: A Gateway to Control (Bangkok: Asia Centre, 2021).

‘List of Arrests and Persons in Detention for COVID-19 Related Offenses’, Human Rights Watch, 23 March 2020, https://www.hrw.org/video-photos/interactive/2020/03/23/list-arrests-and-persons-detention-covid-19-related-offenses.

Charles Rollet, ‘Gov’t touts internet record despite telecom law concerns’, Phnom Penh Post, 4 December 2015, https://www.phnompenhpost.com/national/govt-touts-internet-record-despite-telecom-law-concerns.

Asia Centre, Internet Freedoms in Cambodia, 14.

Prak Chan Tul, ‘Cambodia adopts China-style internet gateway amid opposition crackdown’, 17 February 2021, https://www.reuters.com/article/us-cambodia-internet-idUSKBN2AH1CZ.

Asia Centre, Internet Freedoms in Cambodia, 1.

Strangio, ‘Cambodia puts controversial National Internet Gateway plan on hold’; ‘Cambodia internet soon to be like China’, Bangkok Post, 15 January 2022, https://www.bangkokpost.com/tech/2247899/cambodias-internet-may-soon-be-like-chinas-state-controlled.

Charles McDermid, ‘Cambodia’s internet may soon be like China’s: State-Controlled’, New York Times, 22 January 2022, https://www.nytimes.com/2022/01/15/business/cambodia-arrests-internet.html.

‘Govt mulls internet gateway to fight crime’, Bangkok Post, 20 February 2022, https://www.bangkokpost.com/thailand/general/2266939/govt-mulls-internet-gateway-to-fight-crime.

Three cycles of the Universal Periodic Review (2009, 2013, 2018) of the Human Rights Council, the Human Rights Committee of the ICCPR and 8 reports (2009-2019) of the Special Rapporteur on the situation of human rights in Cambodia. See Asia Centre, Internet Freedoms in Cambodia, 3-6.

‘Cambodia steps up surveillance with new Internet Gateway,” 14 February 2022, Voice of America, https://www.voanews.com/a/cambodia-steps-up-surveillance-with-new-internet-gateway-/6440601.html.

CamboJA (2021) Quarterly Monitoring Report Journalism Situation in Cambodia, July – September, Issue No.1, 12, https://www.camboja.net/wp-content/uploads/2021/10/CamboJA-Quarterly-Report-2021_English.pdf.

‘Cambodia to use “ethics committee” to censor journalists’, 11 August 2021, Reporters Without Borders, https://rsf.org/en/news/cambodia-use-ethics-committee-censor-journalists.

‘Victory! FinFisher shuts down’, Access Now, 29 March 2022, https://www.accessnow.org/finfisher-shuts-down. Also see Morgan Marquis-Boire et al. ‘You Only Click Twice: FinFisher’s Global Proliferation’, The Citizen Lab, 13 March 2013, https://citizenlab.ca/2013/03/you-only-click-twice-finfishers-global-proliferation-2.

Christopher Bing and Joseph Menn ‘U.S. State Department phones hacked with Israeli company spyware – sources’, Reuters, 4 December 2021, https://www.reuters.com/technology/exclusive-us-state-department-phones-hacked-with-israeli-company-spyware-sources-2021-12-03; ‘Massive data leak reveals Israeli NSO Group’s spyware used to target activists, journalists, and political leaders globally’, Amnesty International, 19 July 2021, https://www.amnesty.org/en/latest/news/2021/07/the-pegasus-project.

Asia Centre, Internet Freedom in Cambodia, 23.

Samantha Bradshaw, Hannah Bailey & Philip N. Howard, ‘Industrialized Disinformation: 2020 Global Inventory of Organised Social Media Manipulation’, Working Paper, Oxford, UK: Project on Computational Propaganda (2021), https://demtech.oii.ox.ac.uk/wpcontent/uploads/sites/127/2021/01/CyberTroop-Report-2020-v.2.pdf.

DataGuidance, Cambodia: Data Protection Overview, DataGuidance, September 2021, https://www.dataguidance.com/notes/cambodia-data-protection-overview.

‘Vietnam, Cambodia boost postal, telecoms, ICT cooperation’, Nhan Dan, 15 March 2021, https://en.nhandan.vn/scitech/sci-tech/item/7242102-vietnam-cambodia-boost-postal-telecoms-ict-cooperation.html.

May Kunmakara, ‘China Unicom enters Cambodia’, Phnom Penh Post, 2 December 2019, https://www.phnompenhpost.com/business/china-unicom-enters-cambodia.

See also: ‘China, Cambodia to enhance law enforcement cooperation’, Xinhua, 30 September 2021, http://www.lmcchina.org/eng/2021-09/30/content_41690814.html.

‘Vietnam, Cambodia boost postal, telecoms, ICT cooperation’. ‘VimpelCom investing $200 mln in Cambodian phones’, Reuters, 21 May 2013, https://www.reuters.com/article/cambodia-russia-telecoms-idUSBKK9283520090521.

Ministry of Economic Development, Russian Federation, ‘Russia and Cambodia approved a list of promising investment projects’, 20 September 2021, https://en.economy.gov.ru/material/news/russia_and_cambodia_approved_a_list_of_promising_investment_projects.html.

Notes:

  1. အမျိုးသားအဆင့် အင်တာနက် ဂိတ်ဝေး (national internet gateway) ဆိုသည်မှာ နိုင်ငံတွင်းရှိ ကွန်ယက်ကို နိုင်ငံတကာ ကွန်ယက်နှင့် ချိတ်ဆက်သည့် လမ်းကြောင်း နေရာဖြစ်ပါသည်။  နားလည်ရလွယ်ကူစေရန် ဂိတ်ဝေးဟုသာ တိုက်ရိုက် ဘာသာပြန်သုံးစွဲထားပါသည်။