
အင်ဒိုနီးရှား-တရုတ် BRI ပူးပေါင်းစီမံကိန်း၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တွန်းတိုက်မှုများ
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို လေ့လာသုံးသပ်ရာတွင် ၄င်းတို့၏ နိုင်ငံခြားရေး မူဝါဒ လက်တွေ့ ဆုံးဖြတ်ချက်များကို ကြည့်နိုင်ပါသည်။ နိုင်ငံခြားရေးမူဝါဒနယ်ပယ် အများအပြားတွင် စီးပွားရေး အကျိုးအမြတ်က အရေးကြီးသည့် ကဏ္ဍတွင် ရှိနေပါသည်။ သမ္မတ ဂျိုကိုဝီ၏ စီးပွားရေးကို အလေးပေးမှု မူဝါဒက အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ဦးစားပေးမှုများတွင်လည်း ထင်ဟပ် နေပြီး ယင်းကို လက်ရှိနိုင်ငံတကာဆက်ဆံရေးတွင် “စီးပွားရေးဆိုင်ရာ သံတမန်ရေး” ကို ရှေ့တန်းတင် ခြင်းတွင် တွေ့နိုင်ပါသည်။ […]