
သရုပ်သကန် (identity) နှင့် လူမှုပါဝင်ရေး (social inclusion)
မိမိဘယ်သူလဲဆိုသည့် သရုပ်သကန် (identity) နှင့် လူ့အဖွဲ့အစည်းတွင် အားလုံး ပါဝင်နိုင်ရေး (ဝါ) လူမှုပါဝင်ရေး (social inclusion) နှင့် သက်ဆိုင်သည့် ကိစ္စများမှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် ကာလကြာရှည် ငြင်းခုံဆွေးနွေးလာရသည့် ကိစ္စများ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူမျိုးဘာသာစကား အစုံလင်ဆုံးနိုင်ငံများထဲတွင် အပါအဝင် ဖြစ်ပြီး တရားဝင် အသိအမှတ် ပြုထားသည့် လူမျိုးအုပ်စုပေါင်း ၁၃၅ မျိုးနှင့် ဘာသာစကားပေါင်း ၁၀၇ မျိုးခန့် ရှိပါသည်။ […]