
ဟန်ဂေရီနိုင်ငံမှ မာ့ခ်စ်ဝါဒ ဒဿနပညာရှင် ဂျယော်ဂျ် လူကတ်ခ် (György Lukács) သည် ၁၉၅၂ ခုနှစ်တွင် သူ၏ The Destruction of Reason (အကြောင်းဉာဏ်ပျက်စီးမှု) စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။ ဤစာအုပ်မှာ ၂၀ ရာစု ဥရောပတိုက် ဒဿနကို တိုက်ခိုက်ထားသည့် ဝေဖန်ချက် စာအုပ် ဖြစ်ပါသည်။ ၎င်းတွင် လူကတ်ခ်သည် အထူးသဖြင့် ကီယာကဂါဒ် (Kierkegaard) ၊ ဟေးဒီဂါ (Heidegger) ၊ ရက်စပါ (Jaspers) တို့အပြင် ပြင်သစ်မှ ဆာတ် (Sartre) နှင့် ကာမူး (Camus) တို့ကိုလည်း “ကပ်ပါးဆန်သော အဇ္စျတ္တိကဝါဒ (အသိအမြင်ဟူသမျှသည် ခံစားမှုပေါ်တွင် အခြေခံသည်ဟု ယုံကြည်သော အတွေးအခေါ်ဝါဒ)” ၏ ကိုယ်စားလှယ်များအဖြစ် တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါသည်။ သူက ဤအယူဝါဒ၏ မူလဇာစ်မြစ်သည် ၁၉ ရာစုကုန်ပိုင်း ဥရောပလူလတ်တန်းစား(ဘူဇွာ) တွင် တွေးခေါ်မှု အကျပ်အတည်း ဖြစ်ပြီး လစ်ဘရယ်ဒီမိုကရေစီ၏ မအောင်မြင်မှုများနှင့် ကိုလိုနီအင်ပါယာနယ်ချဲ့ ဝါဒတို့ မြင့်တက်လာမှုကြောင့် လူထုလှုပ်ရှားမှု အတွေးအခေါ်အပေါ် ယုံကြည်မှု ပျက်စီး သွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ မာ့ခ်စ်ဝါဒ၏ အခြားအယူဝါဒများအပေါ် ဝေဖန်မှု ထုံးစံအတိုင်း၊ လူကတ်ခ်သည် ဖြစ်တည်မှု ပဓာနဝါဒ (existentialism) ကို အတွေးအခေါ် အယူဝါဒများ ကျဆင်းမှု၏ လက္ခဏာတခုအဖြစ် ရှုမြင်ပါသည်။ ထိုဝါဒသည် ရုပ်ဝတ္ထု ပစ္စည်းပိုင်းဆိုင်ရာ ဆန့်ကျင်မှုများကို ဂရုစိုက်နေခြင်းဖြင့် အတွေးအခေါ်ပညာရှင်များအား အတ္တပဓာနပြုဝါဒထဲသို့ သက်ဆင်းစေခြင်း၊ ရုပ်လွန်စိတ်ဓာတ်ကျဆင်းစေခြင်း၊ နောက်ကြောင်းဆွဲ နိုင်ငံရေး အတွေးအခေါ် များကို လက်ခံစေခြင်း (ဥပမာ ဟေးဒီဂါကဲ့သို့) နှင့် လူထုလူတန်းစားတိုက်ပွဲမှ သွေဖယ်စေခြင်း စသည့် အယူဝါဒပျက်စီးမှုတရပ်ဖြစ်သည်ဟု သူကဖော်ပြခဲ့ပါသည်။
လူကတ်ခ်က ဖြစ်တည်မှု ပဓာနဝါဒ (existentialism) သည် abstract individualism နှင့် moral voluntarism သို့ ဆုတ်ခွာသွားခြင်းဟု သုံးသပ်ပါသည်။ ယင်းက အင်ဒိုနီးရှားကို လေ့လာရာတွင် သက်ဆိုင်မှု ရှိပါသည်။ အချို့ အင်ဒိုနီးရှား ဆိုရှယ်လစ်ပညာရှင်များက မာ့ခ်စ်သဘောတရားအတွင်းရှိ အပြဋ္ဌာန်းခံဝါဒ (determinism) ကို ကျော်လွှားရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် New Order အာဏာရှင်လက်အောက်တွင် နည်းပညာရှင်၊ အတတ်ပညာရှင်များက အုပ်ချုပ်ရမည်ဟူသည့် အာဏာရှင် စနစ်မျိုးကို အတွေးအခေါ် အယူအဆပိုင်းဖြင့် ထောက်ခံရာတွင် အသုံးချခံ ဖြစ်နေသည်ကို သွားတွေ့ရပါသည်။
ဖြစ်တည်မှုပဓာနဝါဒ (existentialism) နှင့် မာ့ခ်စ်ဝါဒ (Marxism) အကြား အယူဝါဒ ပဋိပက္ခသည် အင်ဒိုနီးရှားတွင် လွတ်လပ်ရေးရရှိပြီးနောက် ပထမဆယ်စုနှစ်များ (၁၉၄၅–၁၉၆၀ ခုနှစ်များ) အတွင်း အရေးပါဆုံးအဆင့်သို့ ရောက်လာခဲ့ပါသည်။ ဤပဋိပက္ခမှာ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု စစ်အေးတိုက်ပွဲ (Cultural Cold War) ကို နောက်ခံ ထား၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် လတ်တလောပညာရပ်ပိုင်းဆိုင်ရာ ရေးသားမှုများတွင် အသာပေးဖော်ပြလာသော ကိစ္စတခုလည်း ဖြစ်ပါသည် (Herlambang 2013)။ ဤပဋိပက္ခ၏ အဓိကဗျူဟာ အပြိုင်အဆိုင်တွင် ပါဝင်သူများမှာ စီအိုင်အေ ကျောထောက်နောက်ခံ Congress for Cultural Freedom (CCF) နှင့် ဆက်နွယ်နေသည့် ပညာရှင်များ ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ်များတွင် ဆုဂျက်မိုကို (Soedjatmoko)၊ မုတ်တာလူးဘစ် (Mochtar Lubis) နှင့် ဂုနာဝမ်မိုဟာမက် (Goenawan Mohamad) တို့ ပါဝင်ကြပါသည်။ ၎င်းတို့သည် ၁၉၆၅–၆၆ ခုနှစ်များက မာ့ခ်စ်ဝါဒထောက်ခံသူများကို သတ်ဖြတ်သည့် လှုပ်ရှားမှုများပြီးနောက် အင်ဒိုနီးရှား၏ ယဉ်ကျေးမှုပုံစံ အခင်းအကျင်းအသစ်ကို လစ်ဘရယ်အပြည်ပြည်ဆိုင်ရာဝါဒ (liberal internationalism) အတိုင်း ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းကြခြင်း ဖြစ်ပါသည်။ ဤအခြေနေတွင် ဖြစ်တည်မှုပဓာနဝါဒကို CCF ၏ လစ်ဘရယ်ဆန်သည့် မက်စ်ဝါဒ ဆန့်ကျင်ရေး မဟာဗျူဟာနှင့် ချိတ်ဆက်အသုံးချခဲ့ပြီး၊ ယင်းက အတ္တလန်တိတ် သဘောတူညီချက်တရပ်ကို ကိုယ်စားပြုပါသည်။ ထိုသဘောတူညီချက်သည် “ကမ္ဘာလုံးဆိုင်ရာ” ဟုဆိုသည့် လူသားရေးတန်ဖိုးများကို မာ့ခ်စ်၏ ရုပ်ဝတ္ထုဝါဒ (materialism) ကို ဆန့်ကျင်ဖော်ပြရန် ရည်ရွယ်သည်ဟု ဆိုနိုင်ပါသည် (Saunders 1999: 78)။

ဤဒဿနအတွေးအခေါ်သည် ၁၉၅၀ ခုနှစ်များအတွင်း အင်ဒိုနီးရှားစာပေလောကတွင် အလွန် ခေတ်စားခဲ့ပြီး၊ အထူးသဖြင့် တော်လှန်ရေးအလွှာထဲမှ မွေးဖွားလာသည့် ၁၉၄၅ ခုနှစ် မျိုးဆက် (Angkatan ’45) များတွင် ပိုမို တွေ့မြင်နိုင်ပါသည်။ ၎င်းဒဿနအား လက်ခံမှု၏ ဗဟိုချက်မ၌ ရှိနေသည်မှာ ထူးခြားသည့် အဆိုးမြင်မှု တရပ်ဖြစ်ပါသည်။ Gelanggang အဖွဲ့ဝင် စာရေးဆရာများ ဖြစ်သည့် ချယ်ရီလ် အန်ဝါ (Chairil Anwar)၊ ဆစ်တာ ဆစ်တူမိုရမ် (Sitor Situmorang) နှင့် အီဝန် စီမာတူပန် (Iwan Simatupang) တို့သည် အဓိပ္ပာယ်ယုတ္တိကင်းမဲ့မှု (absurdity) ကို အဓိကထား ရေးသားကြပြီး၊ စာပေဝေဖန်သူ Keith Foulcher (2015: 163) က “တည်ရှိမှု၏ အဓိပ္ပာယ်ကင်းမဲ့မှု” ဟု ခေါ်ခဲ့ပါသည်။ ယင်းက တော်လှန်ရေးနောက်ပိုင်းတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်၍ ပင်ပန်းနေသည့် ကမ္ဘာ့အမြင်ကို ကိုယ်စားပြုပါသည်။ ယင်းကဲ့သို့ အစစ အဆိုးမြင်နေသည်ကို လက်ဝဲဖက်က ဝေဖန်ခဲ့ပါသည်။ Lekra သီအိုရီပညာရှင် Boejoeng Saleh သည် ၁၉၅၄ ခုနှစ်တွင် ယင်းအရေးအသားလမ်းကြောင်းကို “Camusianisme” ဟု နာမည်တပ်ပြီး၊ ယင်းမှာ ဘူဇွာလူတန်းစား၏ မကျေနပ်မှုက ဒဿနအတွေးအခေါ်အနေဖြင့် ဟန်ဆောင်နေခြင်းမျှသာ ဖြစ်သည်ဟု ဝေဖန်ခဲ့ပါသည်။Gelanggang စာရေးသူများသည် အင်ဒိုနီးရှားဆိုရှယ်လစ်ပါတီ (PSI) ၏ ထင်ရှားသော အဖွဲ့ဝင်များနှင့် ဒဿနပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိကြပြီး၊ နောက်ပိုင်း၌ ၎င်းတို့ကို ထောက်ပံ့သူများအဖြစ် ရှိလာကြပါသည်။
အင်ဒိုနီးရှားဆိုရှယ်လစ်ပါတီ (PSI) သည် Gelanggang အဖွဲ့အတွက် ခိုလှုံရာတခုသာ မကဘဲ၊ ၁၉၅၀ ပြည့်နှစ်များအတွင်း ပင်မအဖွဲ့ဝင်အများအပြားအတွက် နိုင်ငံရေးခိုလှုံရာနေရာ အဖြစ်လဲ ရှိခဲ့ပါသည်။ ၎င်းသည် Siasat နှင့် Konfrontasi ကဲ့သို့သော မီဒီယာများနှင့် Studieclub Konfrontasi ကဲ့သို့ အနီးအနားရှိ နေရာများမှ တဆင့်လဲ အကူအညီပေးခဲ့ပါသည်။ Siasat မဂ္ဂဇင်းကို အထူးသဖြင့် ဂျပန်ခေတ် (၁၉၄၂–၁၉၄၅) တွင် ဆျာရီယာ (Sjahrir) ၏ လက်ထောက်ကျောင်းသားနှစ်ဦးဖြစ်သော ဆုဂျက်မိုကို (Soedjatmoko) နှင့် ရိုဆီဟန် အန်ဝါ (Rosihan Anwar) တို့က တည်ထောင်ခဲ့ပါသည်။ သူတို့သည် နောက်ပိုင်းတွင် PSI ၏ အဖွဲ့ဝင်များ ဖြစ်လာခဲ့ကြပါသည်။ PSI သည် ၁၉၄၈ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီ (PS) အတွင်းရှိ အကွဲတခုမှ ထွက်ပေါ်လာခဲ့ပြီး၊ အင်ဒိုနီးရှား၏ ပထမဦးဆုံး ဝန်ကြီးချုပ် ဆူတန် ဆျာရီယာ (Sutan Sjahrir) မှ ခေါင်းဆောင်ခဲ့ပါသည်။ PSI သည် အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) ၏ တော်လှန်ရေးဆိုရှယ်လစ်ဝါဒနှင့် ကွဲပြားသော ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒကို ကိုယ်စားပြု ဖော်ထုတ်ခဲ့ပါသည်။ ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော PKI သည် ၁၉၂၆ ပြောက်ကျားတော်လှန်မှု မအောင်မြင်သဖြင့် မြေလျှိုးသွားခဲ့ပြီး၊ တော်လှန်ရေးအတွင်းကြမှ ပြန်လည် ပေါ်ထွက်လာကာ ဆိုရှယ်လစ်ပါတီ (PS) ထဲမှ ခွဲထွက်ခြင်းဖြင့် မိမိအနေအထားကို တည်ငြိမ်အောင် ပြုလုပ်ခဲ့ပါသည်။ အင်ဒိုနီးရှားဆိုရှယ်လစ်ပါတီ (PSI) ကမူ ကွဲပြားမှုရှိသော (တခါတရံတွင် အငြင်းအခုံဖြစ်နေသော) အတွေးအခေါ်အမျိုးမျိုး ပေါင်းဆုံရာ နေရာဖြစ်လာခဲ့ပါသည်။ ယင်းတွင် ဆိုဗီယက်မဟုတ်သော မာ့ခ်စ်ဝါဒ (Eduard Bernstein မှ ယူဂိုစလာဗီယား ဈေးကွက် ဆိုရှယ်လစ်ဝါဒအထိ)၊ ဗြိတိသျှ Fabian ဝါဒ၊ အမေရိကန်မှ ခေတ်သစ်ဖော်ဆောင်ရေးအယူအဆ (modernization theory)၊ ပြင်သစ်နှင့် ဂျာမန်မှ “lebensphilosophie” ဝါဒများနှင့်အတူ Jacob Burckhardt နှင့် Ortega y Gasset ကဲ့သို့သော အထက်တန်းစား လစ်ဘရယ်ဝါဒ (aristocratic liberalism) များကိုပါ ပါဝင်စေခဲ့ပါသည်။

လူသိနည်းသည့် ကိစ္စတခုမှာ အင်ဒိုနီးရှားဆိုရှယ်လစ်ပါတီ (PSI) ၏ နောက်ပိုင်းတွင် အမာခံ အင်အား ဖြစ်လာမည့် ပညာရှင်များသည် တော်လှန်ရေးကာလအတွင်း အင်ဒိုနီးရှားတွင် ဖြစ်တည်မှုပဓာနဝါဒ (existentialism) ကို ပထမဦးဆုံး မိတ်ဆက်သူများဖြစ်သည် ဆိုသည့် အချက်ဖြစ်ပါသည်။ ဝါဒဖြန့်ချီရေး တစိတ်တပိုင်းအဖြစ် ဆျာရီယာ (Sjahrir) ဦးဆောင်သော သမ္မတအစိုးရက Het Inzicht (သိမြင်နှံ့စပ်) ဟုခေါ်သော ဒတ်ချ်ဘာသာဖြင့် မဂ္ဂဇင်းတစောင်ကို ထုတ်ဝေခဲ့ပါသည်။ ထုတ်ဝေပြီး မကြာခင်မှာပင် ဆုဂျက်မိုကို (Soedjatmoko) နှင့် ဆုဒါပို ဆတ်စထရိုဆာတိုမို (Soedarpo Sastrosatomo) တို့က အယ်ဒီတာအဖြစ် ဦးစီးလည်ပတ်ခဲ့ကြပါသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီမှ မတ်အထိ၊ မဂ္ဂဇင်းတွင် ဒတ်ချ်ဘာသာဖြင့် ဖြစ်တည်မှုပဓာနဝါဒအကြောင်း ဆောင်းပါးသုံးပုဒ်ကို အစဉ်လိုက် အစီအစဉ်ဖြင့် ထုတ်ဝေခဲ့ပါသည်။ ဤကိစ္စသည် အင်ဒိုနီးရှား လူထုအပေါ်သို့ ဖြစ်တည်မှုပဓာနဝါဒကို စနစ်တကျ မိတ်ဆက်ခြင်း ပထမဆုံးဖြစ်လာခဲ့ပါသည်။ အချိန်အနည်းငယ်အကြာတွင် PSI အမာခံတဦးဖြစ်သော ဆူတန်တတ်ဒိယာ အာလစ်ဂျာဘနာ (Sutan Takdir Alisjahbana) မှ တည်းဖြတ်သည့် အပတ်စဉ်မဂ္ဂဇင်း Pembangunan ၏ နောက်ဆုံးထုတ်တွင် “Existentialism and Surrealism” ဟုခေါ်သော အင်ဒိုနီးရှားဘာသာဖြင့် ဆောင်းပါးတပုဒ်ကို ထုတ်ဝေခဲ့ပါသည်။ ဤ မဂ္ဂဇင်းနှစ်ခုတွင် ပါဝင်သော ဆောင်းပါးများသည် ဖြစ်တည်မှုပဓာနဝါဒ၏ မူလအကြောင်းအရာများ၊ ဦးဆောင်သော အတွေးအခေါ်ပညာရှင်များနှင့် ၎င်းတို့၏ လူမှုသိပ္ပံ၊ အနုပညာ၊ စာပေ လေ့လာမှုများအပေါ် သက်ရောက်မှုများကို မိတ်ဆက်ဖော်ပြထားပါသည်။ ဤအရာများသည် နောက် အတော်ကြာပြီးမှ ထွက်ပေါ်လာသည့် တက္ကသိုလ်ပညာရေးအခြေခံစာအုပ်များ—ဥပမာ ၁၉၆၂ ခုနှစ်တွင် Drijarkara မှ ရေးသားပြီး ဆုဂျက်မိုကို၏ စာအုပ်တိုက် PT Pembangunan မှ ထုတ်ဝေခဲ့သည့် Percikan Filsafat (ဒဿနသုံးသပ်မှုများ) သို့မဟုတ် ၁၉၇၁ ခုနှစ်တွင် ဖုအဒ် ဟက်ဆန် (Fuad Hassan) မှ ရေးသားသော Berkenalan dengan Eksistensialisme (ဖြစ်တည်မှုပဓာနဝါဒနှင့် မိတ်ဆက်ခြင်း) စသည့် စနစ်တကျရေးထားသည့် တက္ကသိုလ်ပြဋ္ဌာန်းစာအုပ်များထက် နှစ်ပေါင်းများစွာ စောပါသည်။
အရေးကြီးသောအချက်မှာ Gelanggang အဖွဲ့ဝင်များ၏ အဆိုးမြင်သည့် ယူဆချက်နှင့် ကွဲပြားစွာ၊ PSI မှ ပညာရှင်များသည် ဖြစ်တည်မှုပဓာနဝါဒကို အခြေအနေကို သိရှိ နားလည်ပြီး လက်တွေ့ကျသော၊ မျှော်လင့်ချက်ပြည့်သော ရှုမြင်မှုတရပ်အဖြစ် တင်ပြခဲ့ကြခြင်း ဖြစ်ပါသည်။ ၎င်းသည် ဥရောပ၏ အဆိုးမြင် ရှုထောင့်များနှင့် တမင် ခြားနားသော ဖော်ပြချက် ဖြစ်ပါသည်။ အမှန်အားဖြင့်လည်း ဖြစ်တည်မှုပဓာနဝါဒသည် PSI ပညာရှင်များအကြား အလွယ်တကူ သဘောကျ လက်ခံနိုင်သည့် အတွေးအခေါ်ဖြစ်လာနိုင်သည့်အကြောင်းကို တွေ့မြင်ရပါသည်။ “လက်ငင်းနှင့် လက်ရှိနေရာ” အပေါ် ဦးစားပေးမှုသည် ဝေးကွာပြီး ကြီးကျယ်သော လောကနိဗ္ဗာန် တည်ဆောက်ရေးဆိုသည့် အမြင်မျိုးနှင့် ယှဥ်လျှင် ယခုလက်ရှိအချိန်တွင် ကြုံတွေ့နေရသည့် တိကျသော စိန်ခေါ်မှုများကို အာရုံစိုက်နိုင်ခြင်းကြောင့် သဘောကျကြခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ယင်းအချက်က အင်ဒိုနီးရှားရှိ နိုင်ငံရေးပါတီအားလုံး (PSI အပါအဝင်) ဆိုရှယ်လစ်ဝါဒကို နှုတ်ကတိသာ ပေးနေသည့် အချိန်အခါ ကာလတွင် ပိုပြီး သဘောကျစရာ အယူဝါဒ ဖြစ်လာခြင်း ဖြစ်နိုင်ပါသည်။ ဖြစ်တည်မှုပဓာနဝါဒတွင် လူတဦးချင်းစီသည် ဆုံးဖြတ်မှုချနိုင်ခြင်းနှင့် ရွေးချယ်နိုင်ခြင်းတို့တွင် လွတ်လပ်သည်ဟု ညွှန်ပြထားခြင်းကလည်း အထူးသဖြင့် အရေးပါ ပါသည်။ ၎င်းသည် တာဝန်ယူမှုနှင့် လုပ်ဆောင်နိုင်မှု၏ အရေးပါမှုကို ညွှန်ပြပြီး မဟာအယူဝါဒများ (အထူးသဖြင့် စိတ်ကူးယဉ် အမျိုးသားရေးဝါဒ (romantic nationalism) နှင့် မာ့ခ်စ်ဝါဒ) ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ လူတဦးချင်းစီ၏ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းကို ဦးစားပေးဖော်ပြစေခြင်း ဖြစ်ပါသည်။ PSI က ၎င်း၏ ၁၉၅၂ ကွန်ဂရက်တွင် စတင်ပြီး မူဝါဒပိုင်းဆိုင်ရာတွင် ယင်းသို့ ကြိုးပမ်းလာခြင်း ဖြစ်ပါသည်။

လူသိနည်းသည့် ကိစ္စတခုမှာ အင်ဒိုနီးရှားဆိုရှယ်လစ်ပါတီ (PSI) ၏ နောက်ပိုင်းတွင် အမာခံ အင်အား ဖြစ်လာမည့် ပညာရှင်များသည် တော်လှန်ရေးကာလအတွင်း အင်ဒိုနီးရှားတွင် ဖြစ်တည်မှုပဓာနဝါဒ (existentialism) ကို ပထမဦးဆုံး မိတ်ဆက်သူများဖြစ်သည် ဆိုသည့် အချက်ဖြစ်ပါသည်။ ဝါဒဖြန့်ချီရေး တစိတ်တပိုင်းအဖြစ် ဆျာရီယာ (Sjahrir) ဦးဆောင်သော သမ္မတအစိုးရက Het Inzicht (သိမြင်နှံ့စပ်) ဟုခေါ်သော ဒတ်ချ်ဘာသာဖြင့် မဂ္ဂဇင်းတစောင်ကို ထုတ်ဝေခဲ့ပါသည်။ ထုတ်ဝေပြီး မကြာခင်မှာပင် ဆုဂျက်မိုကို (Soedjatmoko) နှင့် ဆုဒါပို ဆတ်စထရိုဆာတိုမို (Soedarpo Sastrosatomo) တို့က အယ်ဒီတာအဖြစ် ဦးစီးလည်ပတ်ခဲ့ကြပါသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီမှ မတ်အထိ၊ မဂ္ဂဇင်းတွင် ဒတ်ချ်ဘာသာဖြင့် ဖြစ်တည်မှုပဓာနဝါဒအကြောင်း ဆောင်းပါးသုံးပုဒ်ကို အစဉ်လိုက် အစီအစဉ်ဖြင့် ထုတ်ဝေခဲ့ပါသည်။ ဤကိစ္စသည် အင်ဒိုနီးရှား လူထုအပေါ်သို့ ဖြစ်တည်မှုပဓာနဝါဒကို စနစ်တကျ မိတ်ဆက်ခြင်း ပထမဆုံးဖြစ်လာခဲ့ပါသည်။ အချိန်အနည်းငယ်အကြာတွင် PSI အမာခံတဦးဖြစ်သော ဆူတန်တတ်ဒိယာ အာလစ်ဂျာဘနာ (Sutan Takdir Alisjahbana) မှ တည်းဖြတ်သည့် အပတ်စဉ်မဂ္ဂဇင်း Pembangunan ၏ နောက်ဆုံးထုတ်တွင် “Existentialism and Surrealism” ဟုခေါ်သော အင်ဒိုနီးရှားဘာသာဖြင့် ဆောင်းပါးတပုဒ်ကို ထုတ်ဝေခဲ့ပါသည်။ ဤ မဂ္ဂဇင်းနှစ်ခုတွင် ပါဝင်သော ဆောင်းပါးများသည် ဖြစ်တည်မှုပဓာနဝါဒ၏ မူလအကြောင်းအရာများ၊ ဦးဆောင်သော အတွေးအခေါ်ပညာရှင်များနှင့် ၎င်းတို့၏ လူမှုသိပ္ပံ၊ အနုပညာ၊ စာပေ လေ့လာမှုများအပေါ် သက်ရောက်မှုများကို မိတ်ဆက်ဖော်ပြထားပါသည်။ ဤအရာများသည် နောက် အတော်ကြာပြီးမှ ထွက်ပေါ်လာသည့် တက္ကသိုလ်ပညာရေးအခြေခံစာအုပ်များ—ဥပမာ ၁၉၆၂ ခုနှစ်တွင် Drijarkara မှ ရေးသားပြီး ဆုဂျက်မိုကို၏ စာအုပ်တိုက် PT Pembangunan မှ ထုတ်ဝေခဲ့သည့် Percikan Filsafat (ဒဿနသုံးသပ်မှုများ) သို့မဟုတ် ၁၉၇၁ ခုနှစ်တွင် ဖုအဒ် ဟက်ဆန် (Fuad Hassan) မှ ရေးသားသော Berkenalan dengan Eksistensialisme (ဖြစ်တည်မှုပဓာနဝါဒနှင့် မိတ်ဆက်ခြင်း) စသည့် စနစ်တကျရေးထားသည့် တက္ကသိုလ်ပြဋ္ဌာန်းစာအုပ်များထက် နှစ်ပေါင်းများစွာ စောပါသည်။
အရေးကြီးသောအချက်မှာ Gelanggang အဖွဲ့ဝင်များ၏ အဆိုးမြင်သည့် ယူဆချက်နှင့် ကွဲပြားစွာ၊ PSI မှ ပညာရှင်များသည် ဖြစ်တည်မှုပဓာနဝါဒကို အခြေအနေကို သိရှိ နားလည်ပြီး လက်တွေ့ကျသော၊ မျှော်လင့်ချက်ပြည့်သော ရှုမြင်မှုတရပ်အဖြစ် တင်ပြခဲ့ကြခြင်း ဖြစ်ပါသည်။ ၎င်းသည် ဥရောပ၏ အဆိုးမြင် ရှုထောင့်များနှင့် တမင် ခြားနားသော ဖော်ပြချက် ဖြစ်ပါသည်။ အမှန်အားဖြင့်လည်း ဖြစ်တည်မှုပဓာနဝါဒသည် PSI ပညာရှင်များအကြား အလွယ်တကူ သဘောကျ လက်ခံနိုင်သည့် အတွေးအခေါ်ဖြစ်လာနိုင်သည့်အကြောင်းကို တွေ့မြင်ရပါသည်။ “လက်ငင်းနှင့် လက်ရှိနေရာ” အပေါ် ဦးစားပေးမှုသည် ဝေးကွာပြီး ကြီးကျယ်သော လောကနိဗ္ဗာန် တည်ဆောက်ရေးဆိုသည့် အမြင်မျိုးနှင့် ယှဥ်လျှင် ယခုလက်ရှိအချိန်တွင် ကြုံတွေ့နေရသည့် တိကျသော စိန်ခေါ်မှုများကို အာရုံစိုက်နိုင်ခြင်းကြောင့် သဘောကျကြခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ယင်းအချက်က အင်ဒိုနီးရှားရှိ နိုင်ငံရေးပါတီအားလုံး (PSI အပါအဝင်) ဆိုရှယ်လစ်ဝါဒကို နှုတ်ကတိသာ ပေးနေသည့် အချိန်အခါ ကာလတွင် ပိုပြီး သဘောကျစရာ အယူဝါဒ ဖြစ်လာခြင်း ဖြစ်နိုင်ပါသည်။ ဖြစ်တည်မှုပဓာနဝါဒတွင် လူတဦးချင်းစီသည် ဆုံးဖြတ်မှုချနိုင်ခြင်းနှင့် ရွေးချယ်နိုင်ခြင်းတို့တွင် လွတ်လပ်သည်ဟု ညွှန်ပြထားခြင်းကလည်း အထူးသဖြင့် အရေးပါ ပါသည်။ ၎င်းသည် တာဝန်ယူမှုနှင့် လုပ်ဆောင်နိုင်မှု၏ အရေးပါမှုကို ညွှန်ပြပြီး မဟာအယူဝါဒများ (အထူးသဖြင့် စိတ်ကူးယဉ် အမျိုးသားရေးဝါဒ (romantic nationalism) နှင့် မာ့ခ်စ်ဝါဒ) ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ လူတဦးချင်းစီ၏ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းကို ဦးစားပေးဖော်ပြစေခြင်း ဖြစ်ပါသည်။ PSI က ၎င်း၏ ၁၉၅၂ ကွန်ဂရက်တွင် စတင်ပြီး မူဝါဒပိုင်းဆိုင်ရာတွင် ယင်းသို့ ကြိုးပမ်းလာခြင်း ဖြစ်ပါသည်။
ဖြစ်တည်မှုပဓာနဝါဒနှင့် အနီးကပ် ဆက်နွယ်ထိတွေ့မှုအကြီးဆုံးမှာ အင်ဒိုနီးရှားဆိုရှယ်လစ်ပါတီ (PSI) ၏ ပညာရှင် ဆုဂျက်မိုကို (Soedjatmoko) ဖြစ်ပါသည်။ သူက ဤဒဿနတွင် နက်နက်ရှိုင်းရှိုင်း ယုံကြည်မှုမှာ ကိုလိုနီနောက်ပိုင်း အင်ဒိုနီးရှား၏ စိန်ခေါ်မှုများအပေါ် သူ၏ ရှုမြင်ပုံကို သက်ရောက်မှု ရှိခဲ့ပါသည်။ တော်လှန်ရေးကာလအတွင်း၊ သတင်းစာဆရာ ရိုဆီဟန်အန်ဝါ (Rosihan Anwar, 1999: 210–212) က ဆုဂျက်မိုကိုသည် Sartre ၏ Being and Nothingness (၁၉၄၃) ကို ဖတ်ရှု၍ ခံစားချက်အပြည့်ဖြင့် သုံးသပ်ပြခဲ့သည်ဟု ဆိုပါသည်။ ၎င်းစာအုပ်ကို ဂျပန်သိမ်းပိုက်စဉ်က နိုင်ငံခြား မိတ်ဆွေများမှတဆင့် ရရှိခဲ့နိုင်သည်ဟု ခန့်မှန်းနိုင်ပါသည်။ သူ၏အတွေးအခေါ်တွင် ဦးစားပေးသော အဓိကအယူအဆများမှာ Sartre ၏ “facticité” (ဖြစ်ပြီးသားအခြေအနေ)၊ Heidegger ၏ “Geworfenheit” (ပစ်ချခြင်း) နှင့် Jaspers ၏ “Grenzsituation” (အကန့်အတား အခြေအနေ) တို့ဖြစ်ပါသည်။ သူက ဤအယူအဆများကို တိတိကျကျ ကိုးကားဖော်ပြခဲ့ခြင်း မရှိသော်လည်း၊ သူ၏ စဉ်းစားချက်များအတွင်း၌ ၄င်းတို့သည် ထင်ထင်ရှားရှား အခြေခံနေသည်ကို မြင်တွေ့နိုင်ပါသည်။ ဆုဂျက်မိုကိုက ၁၉၄၅ တော်လှန်ရေးသည် မိမိတိုင်းပြည်၏ ခေတ်သစ်သမိုင်းအတွင်း “အကန့်အတား အခြေအနေ” ဖြစ်သည်ဟု ဆိုပါသည်။ ထိုသမိုင်းက ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေး လက်တွေ့ အခြေအနေများကို ဖန်တီးပေးခဲ့ပါသည်။ သူက အင်ဒိုနီးရှားကို တော်လှန်ရေးနှင့် တော်လှန်ရေး နောက်ပိုင်း ရှားပါးမှု အကျပ်အတည်းများအတွင်းသို့ “ပစ်ချခံခဲ့ရသော” လူ့အဖွဲ့အစည်း အဖြစ် ရှုမြင်ခဲ့ပါသည်။ ယင်းအခြေအနေများက နိုင်ငံတည်ဆောက်မှုအတွက် လက်တွေ့လိုအပ်သည့် ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာများကို ဆင့်ကမ်း ဖြစ်ပေါ်စေခဲ့သည်ဟု သုံးသပ်ပါသည်။ သို့သော်လည်း ဆုဂျက်မိုကိုသည် ဖြစ်တည်မှုပဓာနဝါဒအတွင်း တွေ့ရသော အဆိုးမြင်မှုများကို ငြင်းပယ်ခဲ့ပါသည်။ သူက “မိမိကိုယ်ကို ဦးစားပေးခြင်းအဖြစ်သို့ ပြန်ရောက်ခြင်း” ဟုသတ်မှတ်ခံနေသော ထင်မြင်ချက်ကို ပြောင်းလဲကာ၊ ယင်းမှာ အမှန်တကယ်တွင် လူမှုတိုးတက်မှုနှင့် ပုဂ္ဂလိက လိုအပ်ချက်တို့အကြား ဟန်ချက်ညီညီ တာဝန်ယူဆောင်ရွက်ရမှုတရပ်အဖြစ်သို့ ပြန်လည်ဖွင့်ဆိုခဲ့ပါသည်။

၁၉၅၀ ပြည့်နှစ်များဆီသို့ ရောက်လာစဉ်တွင် အင်ဒိုနီးရှား၏ ယဉ်ကျေးမှု အခင်းအကျင်းသည် ပြည်တွင်း အတွေးအခေါ်ပြောင်းလဲမှုများနှင့် စစ်အေးတိုက်ပွဲကာလ၏ သက်ရောက်မှုများဖြင့် ပုံဖော်ခံရပြီး၊ တော်လှန်ရေးနောက်ပိုင်း လူ့အသိုင်းအဝိုင်း၌ ယဉ်ကျေးမှု၏ အခန်းကဏ္ဍကို အပြိုင်အဆိုင် လွှမ်းမိုးရန် ပဋိပက္ခဖြစ်လာခဲ့ပါသည်။ PSI နှင့် Gelanggang အနုပညာရှင်များသည် ကွန်မြူနစ်ဆန့်ကျင်သည့် လစ်ဘရယ် လှုပ်ရှားမှုများနှင့် တွဲဖက်နေကြပြီး ယဉ်ကျေးမှုကို အရင်းရှင်စနစ် အခြေပြု ဖွံ့ဖြိုးတိုးတက်ရေး၏ ထပ်ဆောင်းကိစ္စတခု (သို့) နိုင်ငံရေးမပါသော လှုပ်ရှားမှုတခုအဖြစ်သာ ရှုမြင်ကြပါသည်။ ၎င်းတို့နှင့်မတူဘဲ Lekra ကတော့ ဆိုဗီယက် ဆိုရှယ်လစ် realism က ယူဆသည့်အတိုင်း အနုပညာကို ပြည်သူ့လှုပ်ရှားမှုအတွက် အသုံးချခံ နည်းလမ်းတခုအဖြစ် ယုံကြည်ပါသည်။ ၁၉၅၇ ခုနှစ် Gadjah Mada တက္ကသိုလ်၌ ကျင်းပသော သမိုင်းဆိုင်ရာဆွေးနွေးပွဲတွင် ဆုဂျက်မိုကို (Soedjatmoko) က Merintis Hari Depan (အနာဂတ်ဖန်တီးခြင်း) ဟုခေါ်သော စာတမ်းတစောင်ကို တင်ပြခဲ့ပါသည်။ အချိန်ကာလမှာလည်း ဒေသတွင်း လူထုလှုပ်ရှားမှုများနှင့် ဆူကာနို၏ အထိန်းအကျောင်းဖြင့် ဆောင်ရွက်သည့် ဒီမိုကရေစီခေတ်အစဟု ဆိုလို့ရမည့် အမျိုးသားကောင်စီတခု ဖန်တီးရန် တာဆူနေသည့် ကာလ ဖြစ်ပါသည်။ ထိုအတွေးအခေါ်တွင် စိတ်ကူးယဉ်အမျိုးသားရေးဝါဒ (romantic nationalism) နှင့် မာ့ခ်စ်သမိုင်းအခြေခံ ရုပ်ဝတ္ထုဝါဒ (Marxist historical materialism) နှစ်မျိုးလုံးကို ကျော်လွှား၍ အသစ်ဖြစ်သော သမိုင်းရေးရာ ရှုမြင်မှုတရပ်ကို ပေးဆောင်ခဲ့ပါသည်။ ယင်းတွင် စိတ်ကူးယဉ်အမျိုးသားရေးဝါဒအတွက် လစ်ဘရယ်စာရေးဆရာ Jacob Burckhardt ၏ Reflections of History ကို ကိုးကားပြီး၊ မာ့ခ်စ်ဝါဒအတွက်တော့ ကွန်မြူနစ်ဟောင်း Wittfogel ၏ Oriental Despotism ကို ကိုးကားကာ ယင်းအယူဝါဒ နှစ်ရပ်လုံးကို ဝေဖန်ခဲ့ပါသည်။ ဆုဂျက်မိုကိုသည် Jaspers ၏ On the Origin and Goal of History (၁၉၄၉) မှ “Totalwurf der Geschichte” ဟုခေါ်သော သမိုင်းကို နားလည်ရန်အတွက် ပြည့်စုံသည့် ရှုမြင်မှုတရပ်ကို ဖော်ထုတ်ခဲ့ပါသည်။ ဤအယူအဆသည် သမိုင်းကို နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချခြင်းကို ဝေဖန်ဖော်ထုတ်ရန် ရည်ရွယ်သော ရှုမြင်မှုတခုဖြစ်ပြီး၊ အင်ဒိုနီးရှားသမိုင်းကို ရှုမြင်ရာတွင် ပိုမို ပွင့်လင်းပြီး နောက်ဆုံးရလဒ်ဘာဖြစ်မည်ဟု တင်ကြို မသတ်မှတ်ထားသည့် သမိုင်းရှုမြင်မှုမျိုး ရှိသင့်သည်ဟု သူက ဆိုခဲ့ပါသည်။
ဆုဂျက်မိုကို၏ deterministic historiography (တင်ကြိုသတ်မှတ်ထားသည့်အတိုင်း ဖြစ်သည်ဆိုသည့် သမိုင်းကြောင်း ရှုမြင်သုံးသပ်ချက်) အပေါ် ဝေဖန်ချက်များကို ကားလ်ပေ့ါပ်ပါ ၏ “သမိုင်းဝါဒ” (historicism) ကိုဝေဖန်သော The Poverty of Historicism (၁၉၄၄) နှင့် The Open Society and Its Enemies (၁၉၄၅) တို့နှင့် နှိုင်းယှဉ်စဉ်းစားနိုင်ပါသည်။ ထိုစာအုပ်နှစ်ခုသည် သမိုင်း၏ လားရာကို ခန့်မှန်းနိုင်သည် (သို့) လွှမ်းမိုးနိုင်သည် ဆိုသော အယူအဆများ၊ အထူးသဖြင့် အယူဝါဒ လွှမ်းမိုးမှုဖြင့် ပုံဖော်သည့် လောကများကို ငြင်းပယ်ခြင်းဖြင့် စစ်အေးခေတ်အတွင်း လစ်ဘရယ်အတွေးအခေါ်၏ မျက်နှာသစ်ကို ပုံဖော်ရာတွင် ထင်ရှားသော သက်ရောက်မှုရှိခဲ့ပါသည်။ ပေါ့ပ်ပါနှင့် ဆုဂျက်မိုကိုတို့ နှစ်ဦးစလုံးက ကြီးအကျယ်သော သမိုင်းရေးရာ မျှော်မှန်းချက် (grand historical destiny) ဆိုသည့် အယူအဆကို ဖျက်ဆီးလိုက်ကြပါသည်။ ပေါ့ပ်ပါ အဆိုအရ ယင်းမျှော်မှန်းချက်အယူအဆက လက်ဝဲလက်ယာ ဘယ်ဖက်မဆို အကြွင်းမဲ့အာဏာရှင်စနစ် (totalitarianism) သို့ မလွဲမသွေ ရောက်သွားနိုင်သည်ဟု ဆိုပါသည်။ သို့သော်လည်း “မှန်ကန်မှု” (authenticity) နှင့် “တာဝန်ယူမှု” တို့ကို အကာအကွယ်ယူပြီး အယူဝါဒ အရောင်အသွေး ကင်းရှင်းသည်ဟု ဆိုသော ဤ လက်တွေ့ကျသည် ဆိုသည့် သဘောတရား ကိုယ်တိုင်မှာလည်း အယူဝါဒတခု အဖြစ် ပြန်ရောက် လာခဲ့ပါသည်။
၁၉၆၈ ခုနှစ်တွင် ဆူကာနိုအာဏာရှင်ပြုတ်ကျပြီးနောက် အင်ဒိုနီးရှားလက်ဝဲများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး နှစ်နှစ်အကြာ၊ အမေရိကန်နိုင်ငံသို့ သံအမတ်အသစ် အဖြစ် ခန့်အပ်ခံရသည့် ဆုဂျက်မိုကို (Soedjatmoko, 1968: 1–5) သည် ဆန်ဖရန်စစ္စကို ကုန်သည်ကြီးများအသင်းတွင် မိန့်ခွန်းပြောခဲ့သည်။ ဤမိန့်ခွန်းတွင် သူက အပြောင်းအလဲ၏ အဓိပ္ပာယ်များကို ဖော်ပြခဲ့ပါသည်။ သူက ဆူဟာတို၏ New Order အစိုးရသည် “ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာရှိမှု၊ ကမ္ဘာ့အရေးအခင်း များအပေါ် မှန်မှန်ကန်ကန် မြင်နိုင်ခြင်းနှင့် စီးပွားရေးမူဝါဒများတွင် အကြောင်း အခြေအနေနှင့် လက်တွေ့ကျမှုရှိခြင်း” များရှိသည်ဟု ဖော်ကျူးခဲ့ပါသည်။ ထို့အပြင် သူက အစိုးရ၏ စီးပွားရေး လစ်ဘရယ်ပြုရန် လုပ်ဆောင်ခြင်း၊ နိုင်ငံပိုင်ထောက်ပံ့ငွေများ ဖယ်ရှားခြင်း၊ နှင့် ဈေးကွက်စီးပွားရေး စနစ်ကို လက်ခံခြင်းတို့ကို ၁၉၄၅ တော်လှန်ရေးကာလ၏ “တော်လှန်ရေးစိတ်ဓာတ်” နှင့် တူညီကြောင်း နှိုင်းယှဉ်ဖော်ပြခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်များအတွင်း ဆုဂျက်မိုကိုနှင့် PSI တို့က ကြိုးပမ်း မြှင့်တင်ခဲ့သည့် အယူဝါဒ ကင်းရှင်းသော လက်တွေ့ကျမှုသည် မရည်ရွယ်ရပါဘဲ New Order ခေတ်၏ အဓိက အယူဝါဒအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။ ၎င်းတွင် “အယူဝါဒကင်းစင်ခြင်း” ဟုခေါ်သော စကားလုံးများနှင့် အာဏာရှင်စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ခြင်းကို တရားဝင်ဖြစ်စေရန် အသုံးချမှု ဖြစ်လာခဲ့ပါသည်။ အစပိုင်းတွင် ကြီးကျယ်သော သမိုင်းကြောင်းအယူအဆကို ဆန့်ကျင်သော ဒဿနသဘောတရားတခုအနေဖြင့် စတင်ခဲ့သည့် အရာသည် နောက်ဆုံးတွင် အာဏာကို တည်မြဲစေရန် စနစ်တကျ တံဆိပ်တပ်နိုင်သော လက်နက် တခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။ ၎င်းသည် အယူဝါဒကို ကျော်လွှားရန် ကြိုးပမ်းသည့် စကားလုံးများက အယူဝါဒတခုကို ပြန်ဖန်တီးသွားသည့် ဝိရောဓိ ဖြစ်ရပ်တခုလည်း ဖြစ်ပါသည်။
လူကတ်ခ် က ဖြစ်တည်မှုပဓာနဝါဒကို “ကပ်ပါးဆန်သော အဇ္စျတ္တိကဝါဒ” ဟု ဝေဖန်ခဲ့ခြင်းမှာ လူထုလူတန်းစား လှုပ်ရှားမှုမှ ဘူဇွာလူတန်းစား၏ ပုဂ္ဂလိကအခြေုပြုဝါဒ ဖြစ်ခြင်းကို ဝေဖန်ခြင်း ဖြစ်ပါသည်။ အင်ဒိုနီးရှား ဥပမာတွင်မူ ယင်းနှင့် ဆန့်ကျင်ဖက် ဖြစ်ပါသည်။ ဆုဂျက်မိုကိုနှင့် အခြားသူများက ဖြစ်တည်မှုပဓာနဝါဒအတွင်းရှိ လူသား၏ လုပ်ဆောင်နိုင်မှု (agency) နှင့် လက်တွေ့ဖြစ်မှုတို့အပေါ် အလေးပေးခြင်းမှာ အဆိုးမြင်ခြင်းမဟုတ်ဘဲ တော်လှန်ရေးနောက်ပိုင်း ကျပ်တည်းမှုများကို ရင်ဆိုင်ထိန်းသိမ်းရန်အတွက် လက်တွေ့ကျသော အယူအဆတခုအဖြစ် လက်ခံ အသုံးချခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ဆူဟာတိုအာဏာရှင်စနစ် အောက်သို့ ရောက်သွားသည့်အခါ ဤအမွေအနှစ်မှာ ပျက်ပြယ်သွားပါသည်။ PSI ၏ ဖြစ်တည်မှုပဓာနဝါဒမှ ဆင်းသက်လာသော လက်တွေ့ကျမှုသည် မူလလူသားရေး ဗဟိုချက်နှင့် ကင်းကွာသွားပြီး အာဏာရှင်အောက် ဖွံ့ဖြိုးရေးအတွက် စနစ်တကျ အသုံးချနိုင်သည့် အယူအဆ နည်းလမ်းတခုဖြစ်သွားပါသည်။ ဒီမိုကရက်စီနည်းကျ ပါဝင်ရေးထက် ပညာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်း (technocracy) ကို ဦးစားပေးခိုင်းခြင်း ဖြစ်ပါသည်။ လူကတ်ခ်၏ ဝေဖန်ချက်သည် ကြိုတင် ဟောကိန်းတခုလည်း ကံဆိုးစွာ ဖြစ်လာပါသည်။ PSI ၏ လွတ်မြောက်ရေး တည်ဆောက်လိုသည့် စီမံကိန်းသည် နောက်ဆုံးတွင် နိုင်ငံရေး စိတ်ကူးစိတ်သန်းများကို အင်အားနည်းသွားစေခဲ့ပြီး၊ “နိုင်ငံရေးမပါသော” လက်တွေ့ကျမှုဆိုသည့် အယူအဆကို အာဏာရှင်က ဝါဒဖြန့် နည်းလမ်းအဖြစ် အသုံးပြုနိုင်အောင် လမ်းကြောင်း ပေးခဲ့သလို ဖြစ်သွားပါသည်။ ဤအမြင်အရ၊ ဖြစ်တည်မှုပဓာနဝါဒ၏ ပြင်လွယ် ပြောင်းလွယ်ရှိခြင်းမှာ အထူးသဖြင့် ရုပ်ဝတ္ထုဝါဒမှ ဆုတ်ခွာခြင်းမှာ ၎င်းကို အခြားသူများက လိုသလို အသုံးချရာတွင် လွယ်ကူစေရန် ဖြစ်သွားပါသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် အယူဝါဒကင်းရှင်းစေရန် ဆောင်ရွက်ခြင်း ဖြစ်သည့်တိုင် ကိုလိုနီခေတ်နောက်ပိုင်း ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအတွက် မရွယ်ဘဲ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန် လမ်းကြောင်းပေးသလို ဖြစ်သွားနိုင်ကြောင်း ဖြစ်ပါတော့သည်။
Windu Jusuf
References –
Anwar, R. 1999. Quartet: Pertemuan dengan empat sahabatku, Jakarta: Yayasan Soedjatmoko.
Foulcher, K. (Ed.). 2015. Indonesian Notebook: A Sourcebook on Richard Wright and the Bandung Conference. New York: Duke University Press.
Herlambang, W. 2013. Kekerasan budaya pasca-1965. Jakarta: Marjin Kiri.
Lukács, G. 1980 [1962]. The Destruction of Reason. London: Merlin Press, pp. 489–522.
Saleh, B. 2004 [1954]. Kewajiban yang tak boleh ditunda. In M. Nursam (Ed.), Krisis daya cipta Indonesia (p. 32). Jakarta: Ombak. (Originally published in Siasat, 29 August 1954).
Saunders, F. S. 1999. The cultural cold war: The CIA and the world of arts and letters. New York: The New Press.
Soedjatmoko. 1958. Merintis hari depan. In Seminar Sedjarah: Yogyakarta. Jakarta.
Soedjatmoko. 1968. Indonesia and the Security of Southeast Asia. San Francisco: Consulate Republic of Indonesia.