စင်္ကာပူနိုင်ငံသည် ၁၉၆၈ ခုနှစ် လွတ်လပ်ရေးရပြီး ပထမဆုံးအကြိမ် ပါလီမန် ရွေးကောက်ပွဲက စတင်ပြီး ပြည်သူ့အလုပ်ပါတီ (PAP ပါတီ) က ကြီးစိုးသည့် တပါတီ အဓိက အုပ်ချုပ်သည့်နိုင်ငံ ဖြစ်ပါသည်။ Freedom House က ၁၉၇၃ ခုနှစ်ကတည်းက စတင်သည့် သူ့၏ အခြေအနေဆိုင်ရာ မှတ်တမ်းတွင် စင်္ကာပူနိုင်ငံကို “တပိုင်းလွတ်လပ်သည့် နိုင်ငံ” အဖြစ် တောက်လျှောက် သတ်မှတ်ခဲ့ပါသည်။ The Economist ၏ အခြေအနေ သုံးသပ်ရေးယူနစ်ကလည်း ၂၀၀၆ မှ ၂၀၁၃ ခုနှစ်အထိ သူ့၏ သတ်မှတ်ချက် တွင် စင်္ကာပူနိုင်ငံကို “ရောနှောအစိုးရပုံစံ” (hybrid regime) အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၄ မှ ၂၀၂၁ ခုနှစ်တွင်တော့ “လိုအပ်ချက်များ ရှိနေသည့် ဒီမိုကရေစီအစိုးရပုံစံ” (flawed democracy) အဖြစ် သတ်မှတ်ခဲ့ပါသည်။ စာနယ်ဇင်း လွတ်လပ်ခွင့်မှာ များစွာ ကန့်သတ်ခံထားရပြီး နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က စင်္ကာပူနိုင်ငံကို သူ့၏ ၂၀၂၁ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့် သတ်မှတ်ချက်တွင် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံများထဲက တခုအနေဖြင့် အဆင့် ၁၆၀/၁၈၀ အဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။
၁၉၉၀ နှောင်းပိုင်းများမှ ၂၀၁၀ ပြည့်နှစ်များအတွင်း အင်တာနက်ချိတ်ဆက်မှု ကျယ်ပြန့်လာခြင်း နှင့်အတူ အများအစဥ်အဆက်သုံးသည့် မီဒီယာ၏ သြဇာမှာ ကျဆင်းလာမှုကြောင့် PAP အစိုးရနှင့် သူ့၏ အပေါင်းအပါများအနေဖြင့် နိုင်ငံရေးအခြေအနေကို လိုသလို ပုံဖော်ရန်မှာ ပိုမိုခက်ခဲလာပါသည်။ သို့ဖြစ်ရာ ၄င်းတို့အနေဖြင့် အွန်လိုင်းမှ အပြိုင် သတင်းအချက်အလက်များကို ထိန်းချုပ်ရန် ဥပဒေများ ပြဋ္ဌာန်းခြင်းဖြင့် အွန်လိုင်းကို ထိန်းချုပ်ရန် ကြိုးစားလာပါသည်။ ယင်းကြောင့် အင်တာနက် လွတ်လပ်ခွင့်နှင့် ဒစ်ဂျစ်တယ်အခွင့်အရေးများ ကျဆင်းလာပြီး ပြီးခဲ့သည့်နှစ်များအတွင်း ဒစ်ဂျစ်တယ် အာဏာရှင်စနစ် ထွန်းကားလာပါသည်။ ယင်းကျဆင်းမှုကို ကိန်းဂဏန်းအားဖြင့် Freedom House ၏ “အင်တာနက်ပေါ် လွတ်လပ်မှု” အညွှန်းကိန်းတွင် တွေ့နိုင်ပါသည်။ စင်္ကာပူနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၀၀ အနက် အဆင့် ၅၉ ရှိပြီး ၂၀၂၁ တွင် အဆင့် ၅၄ ရရှိခဲ့ပါသည်။
ဤစာတမ်းတွင် စင်္ကာပူနိုင်ငံ၏ “ဒစ်ဂျစ်တယ် အာဏာရှင်စနစ်” လက်ရှိအခြေအနေကို သုံးသပ်တင်ပြ ထားပါသည်။ အစိုးရက ဥပဒေများ အသုံးပြုပြီး စောင့်ကြည့်ခြင်း၊ PAP ကိုထောက်ခံသည့် troll များ အသုံးပြုပြီး နိုင်ငံ၏ ဒစ်ဂျစ်တယ်နယ်ပယ်တွင် ဆွေးနွေးမှုများကို ကြီးစိုးထားနိုင်ရန် ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို လိုသလို ပုံဖော်ခြင်းများ ပြုလုပ်ပါသည်။ ရေတိုကာလတွင် နိုင်ငံရေးအတိုက်အခံများကို ထိန်းချုပ်ထားနိုင်သော်လည်း PAP အစိုးရ၏ ပြင်းထန်သော ဖိနှိပ်မှုကို ကြုံတွေ့ရသည့် လူအရေအတွက် တိုးတက်လာပြီး တချိန်အနာဂတ်တွင် အစိုးရ အပြောင်းအလဲ ဖြစ်စေမည့် အခြေခံအဖြစ် ရောက်ရှိလာနိုင်ပါသည်။
ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ဖြစ်ထွန်းမှုများ
PAP အစိုးရက ဒစ်ဂျစ်တယ်လောကကို ထိန်းကျောင်းသည့် ဥပဒေသစ်များ ပြဋ္ဌာန်းရခြင်းမှာ အွန်လိုင်းတွင် ရေးသားဖော်ပြခြင်းများကို ကန့်သတ်ရန် ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းက စပြီး ဆိုရှယ်မီဒီယာသည် မကြုံစဖူး ထွန်းကားလာခဲ့ပြီး အွန်လိုင်းတွင် ရေးသားဖော်ပြခြင်းများလည်း ဆင့်ကဲ ပြောင်းလဲလာပါသည်။ ယင်းကာလအတွင်း PAP အစိုးရ၏ သက်တမ်းတလျှောက် အဆိုးရွားဆုံး မဲရလဒ် (၂၀၁၁ အထွေထွေရွေးကောက်ပွဲ) များလည်း ကြုံတွေ့ခဲ့ရသည်။ ယင်းနောက်တွင် ဆင်ဆာများ ပြုလုပ်ခြင်းနှင့် သတင်းစီးဆင်းမှု ကန့်သတ်ခြင်းများကို ပိုမိုဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။
ဇယား ၁။ စင်္ကာပူနိုင်ငံ၏ အဓိက ဒစ်ဂျစ်တယ်ဥပဒေများ
Constitution Parliament can impose restrictions as it considers necessary or expedient on the freedom of speech and expression for national security, friendly relations with other countries, public order, morality, to protect privileges of Parliament and against contempt of court, defamation or incitement to any offence.
Defamation Definition: harming, with intention or having reason to believe that it will harm, a reputation of a person. ‘Harming of reputation’ is explained as an act of lowering the moral, intellectual character or merit of one, or causing it to be believed that the body of that person is loathsome or generally disgraceful.
Punishment: imprisonment ≤ 2 yrs; fine; or both
IMDA Act IMDA is given the following functions: promote the information, communications and media industry; regulate the telecommunication systems and services; ensure that the content is not against the public interest, public order or national harmony
Broadcasting Act Gives power to IMDA to specify conditions for granting licences (Art. 5, 9) and demand any material intended for broadcasting (Art. 16, 17)
POFMA Fine of ≤ 50,000 SGD (≤ 36,975 USD) for communicating falsehoods or statements that undermine the security of Singapore, diminish public confidence in Government, etc.
‘Directions’ can also be issued by government Ministers: Correction, Stop Communication, Disable Access, etc.
Ministers can direct IMDA to order ISPs to disable access should they not comply with Direction notices.
စင်္ကာပူနိုင်ငံတွင် ဒစ်ဂျစ်တယ်အချက်အလက်ကို အဓိက ထိန်းကျောင်းသည့် အဖွဲ့အစည်းမှာ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ထူထောင်ခဲ့သည့် အင်ဖိုကွန်းမီဒီယာဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (IMDA) ဖြစ်သည်။ IMDA သည် မီဒီယာနှင့် သတင်းအချက်အလက် စီးဆင်းခြင်းများကို ထိန်းကျောင်းသည့် ဥပဒေသစ်များ၊ စည်းမျဥ်းသစ်များ၏ ရလဒ်လဲ ဖြစ်ပါသည်။ သို့ဖြစ်ရာ ယင်းကို များပြားကျယ်ပြန့်သည့် အခွင့်အာဏာများ ပေးအပ်ထားပြီး ထုတ်ဝေဖြန့်ချီခွင့် လိုင်စင်ချပေးရန် အရည်အချင်း သတ်မှတ်ခြင်း၊ (အင်တာနက်နှင့် ဆိုရှယ်မီဒီယာတွင်) ဖြန့်ဝေသည့် အကြောင်းအရာများ၊ အစီအစဥ်များနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ခွင့်များ ပါဝင်သည်။ ထို့အပြင် မည်သည့်အကြောင်းအရာက အများပြည်သူ တည်ငြိမ်ရေး၊ လူမှုသဟဇာတ ဖြစ်ရေးနှင့် အမျိုးသား လုံခြုံရေးတို့ကို ထိခိုက်နိုင်ကြောင်းလည်း ယင်းက သတ်မှတ်ပြဋ္ဌာန်းနိုင်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ PAP အစိုးရက “အွန်လိုင်းမှ သတင်းအမှားများနှင့် လှည့်ဖျားသော သတင်းများမှ ကာကွယ်ရေး ဥပဒေ (POFMA)” ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းကို အသုံးပြုပြီး “သတင်းအမှားများ” တားဆီးရေး ခေါင်းစဥ်အောက်တွင် အစိုးရဝေဖန်သူများနှင့် အတိုက်အခံများကို နှိပ်ကွပ်ခြင်းများ ဆောင်ရွက်လာသည်။ ဥပဒေက အာဏာရှင်ဆန်ရခြင်း အကြောင်းမှာ သတင်း အမှားများနှင့် တဝက်သတင်းအမှန်များကို ဖြန့်ဝေရာတွင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်စေ ပြင်းထန်သော အပြစ်ပေးမှုများ ပြုလုပ်ခြင်း ဖြစ်သည်။ သို့ဖြစ်သည့်အတွက် PAP အစိုးရ အနေဖြင့် သူတို့ကို အတိုက်အခံလုပ်နေသည့် အစိုးရမဟုတ်သော ပုဂ္ဂိုလ်များကို ဖိနှိပ်ပြီး သတင်း အချက်အလက် စီးဆင်းခြင်းကို လိုသလို ပုံဖော်နိုင်ခြင်း ဖြစ်သည်။ အစိုးရဝန်ထမ်းများအနေဖြင့် ဘယ်သတင်းက “အမှား” ဖြစ်သည်၊ တမင်လှည့်ဖျားထားသော သတင်းဖြစ်သည်ကို ဆုံးဖြတ်ပိုင်ခွင့် လည်း ရရှိထားသည့် အခြေအနေဖြစ်သည်။ POFMA ဥပဒေအောက်တွင် စွဲချက်တင်ခံထားရခြင်းကို ငြင်းဆိုရန် တရားရုံး များကို လျှောက်ထားပိုင်ခွင့်မှာလည်း အစိုးရက ခွင့်ပြုမပြုပေါ်တွင် မူတည်နေသည်။
IMDA နှင့် POFMA တို့ ထားရှိခြင်းမှာ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ရေးဟု အကြောင်းပြချက် ပေးပြီး ယင်းအကြောင်းပြချက်ဖြင့် လူအများကို စောင့်ကြည့်ခြင်း (mass surveillance) လဲ ပြုလုပ်သည်။ စင်္ကာပူနိုင်ငံတွင်ရှိ လူအများကို စောင့်ကြည့်သည့် စနစ်များမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၏ အခွင့်အာဏာဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည့် အန္တရာယ်များကိုလည်း ဥပဒေကြောင်းအရ အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ဆုံးဖြတ်ခြင်း လည်း အစိုးရက ပြုလုပ်သည်။ ယင်းအခွင့်အာဏာကို အလွဲသုံးစားမလုပ်စေရန် ဥပဒေ ကြောင်းအရ ကန့်သတ်ထားခြင်းလည်း မရှိပေ။ အရေးကြီးသည့် အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဂ္ဂလိက သီးခြားနေပိုင်ခွင့်ကို ဖော်ပြထားခြင်း မရှိသည့်အတွက် အစိုးရအနေဖြင့် တရားရုံး ခွင့်ပြုချက် ယူစရာ မလိုဘဲ စောင့်ကြည့်သည့် အစီအစဥ်များ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
စင်္ကာပူနိုင်ငံ၏ စောင့်ကြည့်ရေး စွမ်းရည်မှာ ဘယ်လောက်အတိုင်းအတာ အထိရှိကြောင်း တရားဝင် မှတ်တမ်းများ မရှိသော်လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စင်္ကာပူသည် “တကိုယ်ရည် သီးခြား (private) အဖြစ် ရည်ရွယ်သည့် ဒစ်ဂျစ်တယ် ဆယ်သွယ်မှုများကို စောင့်ကြည့်ရန် လွန်စွာ အဆင့်မြင့်သည့် စွမ်းဆောင်ရည်ရှိသော ကျယ်ပြန့်သည့် ကွန်ယက်များ ရှိနေကြောင်း” မှတ်ချက်ပြု ခဲ့သည်။ ဥပမာ ဆိုရလျှင် ကိုဗစ်-၁၉ ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် အစိုးရက လူနာ နောက်ကြောင်းလိုက်သည့် အက်ပလီကေးရှင်း “TraceTogether” ကို ဖန်တီးခဲ့သည်။ ၂၀၂၁ ဇန်နဝါရီတွင် ယင်းအက်ပ်ထဲတွင် သိမ်းဆည်းထားသည့် ဒေတာများကို စင်္ကာပူ ရဲတပ်ဖွဲ့ (SPF) က ရာဇဝတ်မှုများ စုံစမ်းရန်အတွက် အလွယ်တကူ သုံးနိုင်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၁ တွင် ထိုသို့လူအများကို စောင့်ကြည့်ခြင်းကို စိုးရိမ်ပူပန်ကြောင်း ဖော်ထုတ်ပြောဆိုသူ အမြောက်အမြား ရှိလာသည့် နောက်မှသာ ရဲတပ်ဖွဲ့က ယင်းသို့ နောက်ယောင်ခံ လိုက်နိုင်သည့် စွမ်းဆောင်ရည်ကို ကန့်သတ်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
စောင့်ကြည့်နိုင်သည့် နည်းပညာများ၊ ဟက်လုပ်သည့် ပစ္စည်းများ၊ ထောက်လှမ်းရေး ဆော့ဖ်ဝဲများ စင်္ကာပူအစိုးရက အသုံးပြုနေကြောင်း အက်ဒ်ဝက်စနိုးဒန်က ဖော်ထုတ်သည့် မှတ်တမ်းတွင်လည်း တွေ့ရသည်။ ယင်းတွင် စင်္ကာပူမှ ဥရောပသို့ ဆက်သွယ်ထားသည့် ပင်လယ်ရေအောက် အင်တာနက်ဆက်ကြောင်းများရှိ ဒေတာအချက်အလက်များကို စင်္ကာပူ အာဏာပိုင်များက ရယူနိုင်သည်ဟု ဆိုထားသည်။ တနှစ်ထဲမှာပင် IMDA သည် နာမည်ကျော် အီတလီ ဟက်ကာနှင့် စောင့်ကြည့်ရေး ကုမ္ပဏီ “Hacking Team” ၏ လက်ရှိ ဖောက်သည် ဖြစ်ကြောင်းလည်း တွေ့ရှိခဲ့ရသည်။ Privacy International က ၂၀၁၇ ခုနှစ် သူ့၏ အထွေထွေပုံမှန်ရီပို့တွင် စင်္ကာပူနိုင်ငံသည် လျှို့ဝှက်အကြောင်းရာများကို စောင့်ကြည့်ခြင်း ပြုလုပ်သည့် စနစ် “PacketShaper” ကို သုံးစွဲနေသည်ဟု ဖော်ပြခဲ့သည်။ ထို့အပြင် စင်္ကာပူသည် ကွန်ပြူတာစနစ် နှောက်ယှက်ရေးဆော့ဖ်ဝဲလ် (မဲလ်ဝဲလ်) “Finspy” ကိုလက်ခံ ထားသိုသည့် နိုင်ငံဖြစ်ကြောင်းလည်း ဖော်ထုတ်ခဲ့သည်။ သိပ်မကြာသေးမီ ၂၀၂၂ ဖေဖော်ဝါရီတွင် ရိုက်တာ သတင်းဌာနက ထုတ်ပြန်သည့် မှတ်တမ်းတွင်လည်း စင်္ကာပူအစိုးရသည် အစ္စရေး အခြေစိုက်ကုမ္ပဏီက ထုတ်လုပ်သော ဟက်လုပ်သည့် နည်းလမ်း “QuaDream” ကို သုံးစွဲနေကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ ယင်းအကြောင်း ပေါ်ပေါက်လာခြင်းမှာ ၂၀၂၂ ဖေဖော်ဝါရီတွင် အလုပ်သမားပါတီ ဥက္ကဋ္ဌ ဆဲလ်ဗီးယားလင်းက လွှတ်တော်အစည်းအဝေးတွင် အက်ပဲလ်ကုမ္ပဏီက သူ့အိုင်ဖုန်းကို အစိုးရ ကျောထောက်နောက်ခံ တိုက်ခိုက်သူများက ပစ်မှတ်ထားနေကြောင်း ဆိုခဲ့သည့်အတွက်ဖြစ်ပြီး လူအများ စိတ်ဝင်စားသည့် သတင်းဖြစ်ခဲ့သည်။
ယင်းစောင့်ကြည့်နိုင်သည့် စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးထားသည်မှာ နိုင်ငံတွင်းရှိ ကိုးသောင်းနှင့် အထက်ရှိသည့် စီစီတီဗီကင်မရာကဲ့သို့သော စောင့်ကြည့်ရေး အမာအခြေခံအဆောက်အဦများ ဖြစ်သည်။ တရုတ်ပြည်မှ မျက်နှာမှတ်မိနိုင်သော ကင်မရာများ တင်သွင်းပြီး လမ်းမီးများတွင် ထည့်သွင်း ထားခြင်းကြောင့် “အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဥ်” များအတွက်ဟုဆိုကာ အများပြည်သူကို စောင့်ကြည့်နိုင်သည့် စွမ်းဆောင်ရည် ရှိနေသည်။ PAP အစိုးရအနေဖြင့် သူ့နိုင်ငံသားများကို စောင့်ကြည့်ရန် နည်းပညာမြင့် အခြေခံအဆောက်အဦများတွင် ဘယ်လောက် ရင်းနှီးမြှုပ်နှံနိုင်ရန် လိုလားသည်၊ ထို့အပြင် တရုတ်ကဲ့သို့သော အာဏာရှင်နိုင်ငံများနှင့် မည်မျှ ပူးပေါင်းဆောင်ရွက်ရန် လိုလားသည်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။
အရပ်ဖက်အဖွဲ့အစည်းနှင့် အတိုက်အခံပါတီများကို ပစ်မှတ်ထားခြင်း
အစိုးရက IMDA နှင့် POFMA ဥပဒေဖြင့် ဆောင်ရွက်သည့် အချက်အလက်စီစစ်ခြင်းမှာလည်း အတိုက်အခံ ခေါင်းဆောင်များနှင့် ဝေဖန်သူများကို ပစ်မှတ်ထားကြောင်း တွေ့ရှိရသည်။ ဖေဖော်ဝါရီ ၂၀၂၂ အထိတွင် POFMA ဥပဒေကို အသုံးပြုပြီး PAP ပါတီမှ မဟုတ်သည့် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်း ၁၃ ကြိမ် ရှိခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း POFMA ဥပဒေကို အသုံးပြုခြင်းမှာလည်း ပိုမိုမြင့်မားခဲ့သည်။ POFMA ဥပဒေက အချက်အလက်များ စီစစ်ခြင်းနှင့် အစိုးရမူဝါဒများနှင့် ပတ်သက်သော သတင်းအမှားများကို ရှင်းလင်းရန် ထိရောက်သော နည်းလမ်းအနေဖြင့် ရှိသော်လည်း အချက်အလက် ထိန်ချန်ခြင်းနှင့် ယင်းကို အသုံးပြုပြီး နိုင်ငံရေးအတိုက်အခံများနှင့် မီဒီယာသမားများကို ပစ်မှတ် ထားခြင်းကြောင့် PAP ပါတီကို ဆန့်ကျင်သူများနှင့် ဝေဖန်သူများမှာ မိမိဘာသာ ဆင်ဆာပြုလုပ်ရသည့် အခြေအနေသို့ ရောက်ရှိလာသည်။
IMDA အာဏာပိုင်အဖွဲ့အစည်းက လူမှုသဟဇာတ ဖြစ်မှုကို ခြိမ်းခြောက်သည်ဟု ယူဆသော အကြောင်းအရာများနှင့် ဖန်တီးသူ များကိုလည်း ပစ်မှတ်ထားခဲ့သည်။ ကိစ္စတရပ်တွင် ဝန်ကြီးချုပ်လီရှန်လွန်း 1MDB အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သည်ဆိုသော အခြေအမြစ်မရှိသည့် သတင်းတပုဒ်ကို တင်ခဲ့သည် ဟုဆိုသော ဝက်ဘ်ဆိုက်တခုကို IMDA အာဏာပိုင်အဖွဲ့က ပိတ်ပင်ခဲ့သည်။ စင်္ကာပူအစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ကျဆင်းစေသည်ဆိုသော အကြောင်းပြချက်ဖြင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇူလိုင်တွင် နိုင်ငံတွင်းရှိ လူနည်းစုများအပေါ် ဆက်ဆံရေးကို ဝေဖန်သော ရက်ပ်ဗီဒီယို သီချင်းတပုဒ်ကိုလည်း ပိတ်ပင်ခဲ့သည်။
IMDA အာဏာပိုင်အဖွဲ့သည် အခြားသော ဥပဒေကြောင်းနည်းလမ်းများကိုလည်း အသုံးပြုခဲ့သည်။ ဥပမာဆိုရလျှင် The Online Citizen ဟူသော သတင်းဌာနသည် IMDA အာဏာပိုင်အဖွဲ့က ဆက်တိုက်ဖိနှိပ်ခြင်းကို ကြုံခဲ့ရသည်။ ၂၀၁၈ ဒီဇင်ဘာတွင် အဆိုပါ သတင်းဌာနကို “စီစစ်ထားခြင်း မရှိသည့် ဒေသတွင်း အရင်းအမြစ်များ”မှ အလှူငွေများကို လက်ခံလို့ မရကြောင်း အကြောင်းကြားခဲ့ပြီး သူ့၏ ပုံမှန်ဝန်ဆောင်မှု ရောင်းသော နည်းလမ်းကို ပိတ်ပင်ခဲ့သည်။ ထို့အပြင် ၄င်းအနေဖြင့် သူ့၏ ဘဏ္ဍာငွေကြေးများမှာ “နိုင်ငံခြား လွှမ်းမိုးမှု ကြုံတွေ့နိုင်သည့်အတွက်” IMDA အဖွဲ့ သို့ နှစ်စဥ် အစီရင်ခံစာ တင်သွင်းဖို့လိုအပ်ကြောင်း အကြောင်းကြား ခဲ့သည်။ ၂၀၂၁ တွင်မူ IMDA အာဏာပိုင်အဖွဲ့ သည် ယင်း၏ ထုတ်ဝေခွင့် လိုင်စင်ကို ပိတ်သိမ်းခဲ့သည်။ ယင်းမတိုင်မီလည်း IMDA အဖွဲ့က အဆိုပါ ဝက်ဘ်ဆိုက်၏ အယ်ဒီတာ တယ်ရီရှုကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့သည်။ အကြောင်းမှာ ၂၀၁၈ စက်တင်ဘာတွင် စာဖတ်သူတဦးက “အာဏာရပါတီ၏ ထိပ်ပိုင်းတွင် အကျင့်ပျက် ခြစားနေကြောင်း” ရေးထားသော အိတ်ဖွင့်ပေးစာကို ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တယ်ရီရှုက ယင်းသတင်းကို ဖြုတ်ချရန် IMDA အာဏာပိုင်အဖွဲ့၏ အမိန့်အတိုင်း ဆောင်ရွက်ခဲ့ရသည်။ တယ်ရီရှုနှင့် ယင်းစာကို ရေးသားသည့် ဒယ်နီရယ်ဒီကိုစတာသြဂတ်စတင်သည် ၂၀၂၁ နိုဝင်ဘာတွင် အသရေဖျက်မှုဖြင့် အရေးယူခြင်း ခံရသည်။ တရားခွင်အတွင်း စွဲချက်တင်သူများက ယင်းသတင်းသည် အစိုးရ၏ ဂုဏ်သတင်းကို ဖျက်ဆီးရန် မကောင်းသော ကြံရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်ဟု စွဲချက်တင်ခဲ့သည်။
PAP အစိုးရသည် Meta (ဖေ့စ်ဘုတ်) ကုမ္ပဏီသို့ သုံးစွဲသူများ၏ အချက်အလက် တောင်းခံခြင်းကို ပြီးခဲ့သည့် သုံးနှစ်တာအတွင်း တနှစ်လျှင် အကြိမ် ၁၅၀၀ ခန့် တောင်းဆိုခဲ့သည်။ ယင်းမှာ တကမ္ဘာလုံး ပျမ်းမျှ အကြိမ် ၁၁၀၀ ထက် ပိုမို များပြားပြီး အရှေ့တောင်အာရှဒေသတွင်း ကျန်နိုင်ငံများ အားလုံး စုစုပေါင်းထက်လည်း မြင့်မားသည်။ ဖေ့စ်ဘုတ်ထက် အကြိမ်အရေအတွက် နည်းသော်လည်း တွစ်တာ၊ မိုက်ခရိုဆော့ဖ်၊ ဂူဂယ်လ်တို့ကိုလည်း စင်္ကာပူအစိုးရက အချက်အလက်များ မှန်မှန်တောင်းခံလေ့ ရှိသည်ကို တွေ့ရသည်။
အဆိုပါကုမ္ပဏီများက ယခင်က မဝေဖန်ဘဲ နှုတ်ဆိတ်နေခဲ့သော်လည်း POFMA ဥပဒေ ပြဋ္ဌာန်းသည့် အခါတွင်တော့ သူတို့၏ ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဂူဂယ်လ်က အဆိုပါ ဥပဒေကြောင့် တီထွင်မှုများကို ထိခိုက်မည် ဖြစ်ပြီး နိုင်ငံ၏ ဒစ်ဂျစ်တယ်သတင်းအချက်အလက် ဂေဟစနစ် ဖွံ့ဖြိုးမှုကို ထိခိုက်လိမ့်မည်ဟု ဆိုခဲ့သည်။ ဖေ့စ်ဘုတ်ကလည်း PAP အစိုးရက POFMA ဥပဒေကို ကျင့်သုံးရာတွင် သင့်တော်ပြီး မျှတသော အတိုင်းအတာဖြင့်ဆောင်ရွက်ပါမည်ဟုသော ကတိကဝတ်ကို မပျက်ကွက်ဖို့ သတိပေးခဲ့သည်။ သို့သော် POFMA ဥပဒေဖြင့် State Times’ Review ကို ပိတ်ပင်ဖို့ ဖေ့စ်ဘုတ်ကို ညွှန်ကြားသည့်အခါ ဖေစ်ဘုတ်က မကျေနပ်ကြောင်း ပြသခဲ့ပြီး ယင်းမှာ သင့်တော်မျှတမှု မရှိကြောင်းနှင့် POFMA ဥပဒေကို ဆင်ဆာအနေဖြင့် အသုံးပြုနေကြောင်း ဖော်ပြခဲ့သည်။
အစိုးရက “အမှန်တရား” နှင့် “လူမှုသဟဇာတဖြစ်ရေး” တို့ကဲ့သို့သော ကြီးကျယ်သည့် စံတန်ဖိုးများကို မြှင့်တင်နေကြောင်း ဆိုသော်လည်း PAP အစိုးရက သူ့ကို ထောက်ခံသူများနှင့် PAP troll များက တမင် သက်သက် အစိုးရဖက် လိုက်သော မမှန်သတင်းများ ဖြန့်ဝေသည့်အခါတွင်တော့ မသိချင်ယောင် ဆောင်နေခဲ့သည်။ “အင်တာနက် တပ်သားများ” (internet brigades) ဟုခေါ်သည့် အဖွဲ့များက အစိုးရ၏ သူ့ကို ဝေဖန်သူများကို တန်ပြန်သည့် ဆိုင်ဘာနည်းလမ်း တရပ်ဖြစ်သည်။ အစိုးရက သူ့ကို ဆန့်ကျင်နေသည့် ဆိုင်ဘာလောကတွင် ပါတီအနေဖြင့် တန်ပြန်အသံရှိဖို့ လိုအပ်သည်ဟု အကြောင်းပြချက် ပေးထားသည်။
၂၀၂၀ ဇွန်လတွင် ဖေ့စ်ဘုတ်က PAP ပါတီဖက် ယိမ်းသည့် ပေ့ချ်တခုဖြစ်သော ဖော်လိုဝါ ၂သိန်းခွဲရှိသည့် ‘PAP အကြောင်း လိမ်လည်သတင်းများ ဖော်ထုတ်ခြင်း’ (Fabrications About the PAP’) ပေ့ချ်ကို ဖယ်ရှားခဲ့သည်။ ယင်းက အစိုးရကို ဆန့်ကျင်သည့် ဝက်ဘ်ဆိုက်များကို တန်ပြန်သည့်အနေဖြင့် တည်ထောင်ထားသော ပေ့ချ် ဖြစ်သည်။ သို့သော် အဆိုပါနာမည်တူ ပေ့ချ်မှာ ထပ်မံ ပေါ်ပေါက်လာပြီး လက်ရှိတွင် ဖော်လိုဝါ ၅၅၀၀ ခန့် ရှိနေသည်။ အဆိုပါပေ့ချ်က PAP ဖက်ယိမ်းသည့် သတင်းများ၊ ဗီဒီယိုများ မှန်မှန်တင်နေဆဲ ဖြစ်ပြီး ၄င်းတင်နေသော အကြောင်းအရာများမှာ မှန်ကန်မှုမရှိကြောင်း ဝေဖန်ခံထားရသည်။
PAP အစိုးရအဖွဲ့ဝင်များကို ကြော်ငြာပေးနေသော နောက်ထပ် ပလက်ဖောင်းတခုမှာ “Singapore Matters” ဆိုသည့် ပေ့ချ် ဖြစ်သည်။ သူက အရပ်ဖက်အဖွဲ့အစည်းများ၊ လွတ်လပ်သော အွန်လိုင်း မီဒီယာများနှင့် အတိုက်အခံပါတီများကို နာမည်ဖျက်နေသည့် သတင်းများကို ပြန်တင်ပေးနေသော ပေ့ချ် ဖြစ်သည်။ ယင်းပေ့ချ်များကို မမှန်သတင်း လွှင့်တင်သည့်အတွက် POFMA ဥပဒေဖြင့် ပိတ်သိမ်းခြင်း မရှိသလို၊ IMDA က ကြီးကြပ်နေသည့် သတင်းအချက်လက်နှင့် မီဒီယာ ဥပဒေများဖြင့်လည်း ၄င်းပေ့ချ် ပိုင်ရှင်များကို အရေးယူခြင်း မရှိပေ။
နိဂုံးချုပ်
POFMA ဥပဒေ၊ IMDA က စီမံခန့်ခွဲသည့် ဥပဒေများနှင့် အခြားသော ဥပဒေများဖြင့် PAP ပါတီ အစိုးရသည် အင်တာနက်နှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို တန်ပြန်သတင်းများ လွှင့်တင်သည့် ပလက်ဖောင်းများ ဖြစ်မလာစေရန် ထိန်းချုပ်ထားသည်။ ထို့အပြင် ယင်းပလက်ဖောင်းများသည် အရပ်ဖက်အဖွဲ့အစည်းများ၊ လွတ်လပ်သော အွန်လိုင်းမီဒီယာများနှင့် အတိုက်အခံ ပါတီများကို PAP ပါတီအစိုးရက နာမည်ဖျက်ခြင်းမှ ကာကွယ်လို့မရအောင်လည်း ပြုလုပ်ထားသည်။ တချိန်တည်းမှာပင် PAP နှင့် သူ့ကို ထောက်ခံသူများက အင်တာနက်နှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အသုံးချပြီး နိုင်ငံရေးအတိုက်အခံများကို နာမည်ဖျက်ရန် ဝက်ဘ်ဆိုက်နှင့် ဆိုရှယ်မီဒီယာ အကောင့်များ ဖန်တီးခြင်းကို ပြုလုပ်နေသည်။ PAP အစိုးရအောက်တွင် ဒီမိုကရေစီ ဖွံ့ဖြိုးမှုမှာ ခြိမ်းခြောက် ခံနေရသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်တာ ကာလအတွင်း အခြားသော ပုဂ္ဂိုလ် အဖွဲ့အစည်းများလည်း ပေါ်ပေါက်လာသည်။ အရပ်ဖက်အဖွဲ့အစည်းများ၊ လွတ်လပ်သော အွန်လိုင်း မီဒီယာနှင့် အတိုက်အခံပါတီများကို တောက်လျှောက်ဖိနှိပ်ခြင်း၊ အရေးယူခြင်းကြောင့် အတိုက်အခံများ ကျယ်ပြန့်လာခြင်းနှင့် အားကောင်းလာခြင်းလဲ ရှိလာသည်။ သို့ဖြစ်ရာ စင်္ကာပူတွင် ဒစ်ဂျစ်တယ်အာဏာရှင်စနစ် မြင့်တက်လာလျက် ရှိသော်လည်း PAP အစိုးရကို စိန်ခေါ်မည့် မဟာမိတ် အဖွဲ့ပေါ်ပေါက်စေမည့် အခြေခံအုတ်မြစ်များလည်း ပေါ်ပေါက်လာလျက် ရှိပါတော့သတည်း။
James Gomez
ျိမ်းစ်ဂိုးမတ်ဇ်သည် အာရှစင်တာ၏ ဒေသတွင်း ဒါရိုက်တာ ဖြစ်ပါသည်။
Banner: Singapore, May 2022. A circle of 6 cameras CCTV outside a building in Singapore. Bima Eriarha, Shutterstock
References
Freedom House, ‘Freedom in the World’, Freedom House, 2022, https://freedomhouse.org/report/freedom-world.
Economist Intelligence Unit, Democracy Index 2021: The China Challenge (Economist Intelligence Unit, 2022), https://www.eiu.com/n/campaigns/democracy-index-2021.
RSF ‘2021 World Press Freedom Index: Singapore’, Reporters Without Borders, 2011, https://rsf.org/en/ranking. Freedom House, ‘Freedom on the Net’, Freedom House, 2022, https://freedomhouse.org/report/freedom-net.
Institute of Policy Studies, Singapore, ‘POPS (5) Presidential Election Survey 2011’, Lee Kuan Yew School of Public Policy, 2011, https://lkyspp.nus.edu.sg/docs/default-source/ips/pops-5_slides_0911.pdf.
IMDA was created as a restructuring and merger of the Infocomm Development Authority (IDA) and Media Development Authority (MDA)
Law Revision Commission, ‘Info-Communications Media Development Authority Act 2016’, Singapore’s Attorney-General’s Chamber, 1 April 2022, https://sso.agc.gov.sg/Act/IMDAA2016.
Law Revision Commission, ‘Broadcasting Act 1994’, Singapore’s Attorney-General’s Chamber, 18 April 2022, https://sso.agc.gov.sg/Act/BA1994.
Aqil Haziq Mahmud and Tang See Kit (2019) ‘“Very onerous” process to challenge order on content deemed as online falsehood: Sylvia Lim’, Channel News Asia, 8 May 2019, www.channelnewsasia.com/singapore/online-falsehoods-bill-workers-party-onerous-appeal-process-877101.
Shane Harris, ‘The Social Laboratory’, Foreign Policy, 29 July 2014, https://foreignpolicy.com/2014/07/29/the-social-laboratory.
Bureau of Democracy, Human Rights and Labor, Singapore 2015 Human Rights Report (United States Department of State, 2015), 8, https://2009-2017.state.gov/documents/organization/253009.pdf.
Matthew Mohan, ‘Singapore Police Force can obtain TraceTogether data for criminal investigations: Desmond Tan’, Channel News Asia, 4 January 2021, https://www.channelnewsasia.com/singapore/singapore-police-force-can-obtain-tracetogether-data-covid-19-384316.
Kenny Chee, ‘Bill limiting police use of TraceTogether data to serious crimes passed’, The Straits Times, 2 February 2021, https://www.straitstimes.com/singapore/politics/bill-limiting-use-of-tracetogether-for-serious-crimes-passed-with-govt-assurances.
Philip Dorling, ‘Singapore, South Korea revealed as Five Eyes spying partners’, The Sydney Morning Herald, 25 November 2013, https://www.smh.com.au/technology/singapore-south-korea-revealed-as-five-eyes-spying-partners-20131124-2y433.html.
Ibid.; Jeanette Tan,‘Does Italian surveillance tech firm Hacking Team sell spy software to Singapore’s IDA?’ Mothership, 7 July 2015, https://mothership.sg/2015/07/does-italian-surveillance-tech-firm-hacking-team-sell-spy-software-to-singapores-ida.
Privacy International, Universal Periodic Review Stakeholder Report: 24th Session, Singapore: The Right to Privacy in Singapore (Privacy International, 2017), https://privacyinternational.org/sites/default/files/2017-12/Singapore_UPR_PI_submission_FINAL.pdf.
Ibid.; Christopher Bing and Raphael Satter, ‘EXCLUSIVE iPhone flaw exploited by second Israeli spy firm-sources’, Reuters, 3 February 2022, https://www.reuters.com/technology/exclusive-iphone-flaw-exploited-by-second-israeli-spy-firm-sources-2022-02-03.
Kenny Chee, ‘WP chairman Sylvia Lim’s phone not hacked by Singapore Govt: Shanmugam’, 19 February 2022, https://www.straitstimes.com/singapore/politics/wp-chairman-sylvia-lims-phone-not-hacked-by-singapore-govt-shanmugam.
Steven Feldstein, ‘The Road to Digital Unfreedom: How Artificial Intelligence is Reshaping Repression’, Journal of Democracy 30 (1) (January 2019): 40, https://carnegieendowment.org/files/201901-Feldstein-JournalOfDemocracy.pdf.
Lasse Schuldt, ‘Official Truths in a War on Fake News: Governmental Fact-Checking in Malaysia, Singapore, and Thailand’, Journal of Current Southeast Asian Affairs 40(2) (2021): 340-371, DOI: 10.1177/18681034211008908.
Factually, ‘Factually: POFMA’, Government of Singapore, 2022, https://www.gov.sg/factually?topic=POFMA; POFMA’ed, ‘POFMA’ed Dataset’, POFMA’ed, 24 May 2021, https://pofmaed.com/data/.
POFMA’ed (2020) ‘Explainer: What is POFMA?’, POFMA’ed, at: http://pofmaed.com/explainer-what-is-pofma. See Schuldt, ‘Official Truths in a War on Fake News’.
Freedom House, ‘Freedom on the Net 2021: Singapore’.
Ng Huiwen, ‘Police looking into rap video by local YouTube star Preetipls alleged to contain offensive content’, The Straits Times, 30 July 2019, https://www.straitstimes.com/singapore/police-looking-into-rap-video-by-local-youtube-star-preetipls-allegedly-containing.
Rei Kurohi, ‘The Online Citizen taken offline, ahead of deadline set by IMDA after failure to declare funding’, The Straits Times, 16 September 2021, https://www.straitstimes.com/singapore/the-online-citizen-goes-dark-ahead-of-deadline-set-by-imda; Palatino Mong, ‘Singapore’s The Online Citizen news website stops operating after government suspends its license’, The Straits Times, 18 September 2021, https://globalvoices.org/2021/09/18/singapores-the-online-citizen-news-website-stops-operating-after-government-suspends-its-license.
‘Why The Online Citizen is being investigated for ‘criminal defamation’, Coconuts Singapore, 21 November 2018, https://coconuts.co/singapore/news/online-citizen-investigated-criminal-defamation.
In the same trial, Daniel De Costa Augustin was also convicted of a charge unauthorised access to an email account of an another individual he used to submit the letter.
Lydia Lam, ‘The Online Citizen’s Terry Xu and writer convicted of criminal defamation over article calling Cabinet corrupt’, Channel News Asia, 12 November 2021, https://www.channelnewsasia.com/singapore/online-citizen-toc-terry-xu-editor-writer-criminal-defamation-2308961.
‘Government Requests for User Data’, Meta, 2022, www.transparency.fb.com/data/government-data-requests.
‘Information Requests’, Twitter, 2022, https://transparency.twitter.com/en/reports/information-requests.html.
‘Law Enforcement Requests Report’, Microsoft, 2021, https://www.microsoft.com/en-us/corporate-responsibility/law-enforcement-requests-report.
‘Global Requests for User Information’, Google Transparency Report, 2021, https://transparencyreport.google.com/user-data/overview.
Jewel Stolarchuk, ‘Google and Facebook remain concerned over Singapore’s newly-passed fake news law’, The Independent Singapore, 9 May 2019, www.theindependent.sg/google-and-facebook-remain-concerned-over-singapores-newly-passed-fake-news-law.
Shawn Lim, ‘Facebook expresses censorship concerns after blocking Singapore users’ access to fake news page’, The Drum, 19 February 2020, https://www.thedrum.com/news/2020/02/19/facebook-expresses-censorship-concerns-after-blocking-singapore-users-access-fake.
Lu Xueying, ‘PAP moves to counter criticism of party, Govt in cyberspace’, The Straits Times, 3 February 2007; https://bit.ly/36VmC0R; PAPBrigade, ‘About’, PAP Internet Brigade, 2012, https://papbrigade.tumblr.com/about.
Aqil Haziq Mahmud, ‘Facebook removes Fabrications About The PAP admin accounts for violating policies’, Channel News Asia, 28 June 2020, https://www.channelnewsasia.com/singapore/facebook-removes-fabrications-about-the-pap-accounts-663871.
Suleiman Daud, ‘PAP GE 2020 candidate says people “misunderstood” why he shared unsubstantiated Fabrications About PAP post about Sarah Bagharib & WP’, Mothership, 18 June 2021, https://mothership.sg/2021/06/shamsul-kamar-sarah-bagharib.
Singapore Matters has a Facebook page with over 85,000 likes and 97,000 followers. See “Singapore Matters”, Facebook, https://www.facebook.com/SingaporeMatters