ဆရာတော် ထစ်နက်ဟန်၏ အစောပိုင်း ရေးသားချက်များတွင် တွေ့ရသော ထိတွေ့ဆက်ဆံ ဗုဒ္ဓဝါဒ (Engaged Buddhism) နှင့် ဗီယက်နမ် အမျိုးသားတိုင်းပြည်တည်ဆောက်ခြင်း
၁၉၆၀ ပြည့်နှစ်များရှိ တောင်ဗီယက်နမ် ဗုဒ္ဓဘာသာ လှုပ်ရှားမှုကို အမှတ်ရလေ့ ရှိသည်မှာ လမ်းပေါ်တွင် လူအများ ချီတက်ဆန္ဒပြခြင်းနှင့် သံဃာများ လမ်းပေါ်တွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြခြင်းတို့ ဖြစ်ပါသည်။ ဗီယက်နမ်သမ္မတနိုင်ငံ (တောင်ဗီယက်နမ်) တွင် ဗုဒ္ဓဘာသာဝင်များသည် စနစ်တကျ စုဖွဲ့မှုရှိသော အကြီးဆုံး နိုင်ငံရေးအုပ်စု ဖြစ်ခဲ့သည်။ ၄င်းတို့က ၁၉၆၃ “ဗုဒ္ဓဘာသာ အရေးအခင်း” တွင် လမ်းပေါ်သို့ ထောင်နှင့်ချီ ထွက်လာပြီး အစိုးရကျင့်သုံးနေသော မူဝါဒများကို ဆန့်ကျင်ကန့်ကွက်ကြကာ […]